ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုး မူးယစ် (အထူး) တပ်ဖွဲ့ဝင် များသည်
ဇန်နဝါရီ ၂၉ ရက် မွန်းတည့် ၁၂ နာရီက လားရှိုး ယာဉ်ထိန်းရုံး ရှေ့၌ မူးယစ်
ဆေးဝါး နှိမ်နင်းရေး တာဝန် ဆောင်ရွက်စဉ် လိုက်ထရပ် ယာဉ်အမှတ်
၈ည/----ကားပေါ်တွင် လိုက်ပါ လာသည့် မသင်္ကာ ဖွယ်ရာ လီဆူ အမျိုးသမီး တစ်ဦးအား စောင်အထုပ် တစ်ထုပ်နှင့် အတူ တွေ့ရှိ ရသဖြင့် လားရှိုး မူးယစ် တပ်ဖွဲ့ရုံးသို့ သက်သေများနှင့် အတူ ခေါ်ဆောင် လာပြီး ရှာဖွေ စစ်ဆေးရာ စောင်ထုပ် အတွင်း ဖလန်နယ် အစဖြင့် ထုပ်လျက် ပလတ်စတစ် အိတ်ဖြင့် ထည့်ထားသော ဘိန်းဖြူ အလေးချိန် ၁ဝ ဂရမ်ပါ တစ်ထုပ်၊ ၁၁ ဂရမ်ပါ အထုပ် ၂ဝ၊ ၁၂ ဂရမ်ပါ တစ်ထုပ်၊ ၁၄ ဂရမ်ပါ ငါးထုပ်၊ ၁၅ ဂရမ်ပါ လေးထုပ်၊ ၁၆ ဂရမ်ပါ ခုနစ်ထုပ်၊ ၁၇ ဂရမ်ပါ သုံးထုပ်နှင့် ၁၈ ဂရမ်ပါ နှစ်ထုပ် စုစုပေါင်း အထုပ် ၄၃ ထုပ်မှ ဘိန်းဖြူမှုန့် အလေးချိန် ၅၇၁ ဂရမ်၊ တစ်ဂရမ် လျှင် ငွေကျပ် ၁၉ဝဝဝ ဖြင့် ကာလတန်ဖိုး ငွေကျပ် ၁ဝ၈ သိန်းကျော်ဖိုး သိမ်းဆည်း ရမိသည်။
ဘိန်းဖြူမှုန့်များ သယ်ဆောင်လာသူ အမျိုးသမီး ငွားဝူမီးအား စစ်ဆေး ရာတွင် သယ်ဆောင် ခိုင်းသူမှာ အစ်ကို ဝမ်းကွဲ တော်စပ်သူ ဆောက်တားနှင့် ဇနီးအားနာဖောတို့ ဖြစ်ပြီး ၄င်းတို့ နှစ်ဦးသည် ခရီးသည်တင် ဗင်ကား အမှတ် အ/---ဖြင့် မန္တလေးသို့ လိုက်ပါမည် ဖြစ်ကြောင်း၊ မန္တလေး ရောက်လျှင် သယ်ဆောင်ခ ငွေကျပ် ခုနစ်သိန်း ပေးမည် ဖြစ်ကြောင်း ထွက်ဆိုသဖြင့် အဆိုပါ ယာဉ်အား ဖမ်းဆီး ရမိ နိုင်ရေးအတွက် မူးယစ် (အထူး) တပ်ဖွဲ့ဝင် များက အချိန်နှင့် တစ်ပြေးညီ ပိတ်ဆို့ ရှာဖွေခဲ့ရာ ထိုနေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် လားရှိုးမြို့ အထွက် မယ်ဟန် ကျေးရွာ အနီးတွင် ဆောက်တားနှင့် ဇနီးဖြစ်သူ အားနာဖော တို့အား ဖမ်းဆီးရမိ သည်။
ထို့ကြောင့် မူးယစ်ဆေးဝါးများ သယ်ဆောင် ရောင်းဝယ်သူများ ဖြစ်သည့် ငွားဝူမီး ၃၈ နှစ် (ဘ)ဦးငွားတား နောင်ခမ်းရွာ သိန်းနီမြို့နယ် အားနာဖော ၃၉နှစ် (ဘ)ဦးနောဖာပါး လွယ်မယောင် ကျေးရွာ ပန်ဆိုင်းမြို့နယ်နှင့် ဆောက်တား ၄၃ နှစ် (ဘ)ဦးဆောက်တားယီး လွယ်မယောင် ကျေးရွာ ပန်ဆိုင်းမြို့နယ် နေသူ တို့သုံးဦးအား လားရှိုးအမှတ်(၁)ရဲစခန်း မှ မယ(ပ)၂၁/ ၂ဝ၁၃ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ အရ အရေးယူအမှု ဖွင့်ထားကြောင်း သိရသည်။
From : မြ၀တီ