ယာဉ်စည်းကမ်း၊
လမ်းစည်းကမ်း သင်ခန်းစာ တစ်ရပ်ကို စာသင်ကျောင်းများမှာ ထည့်သွင်း သင်ကြား
ပေးနိုင်ရန် အတွက် စီစဉ် ဆောင်ရွက်လျက် ရှိတယ်လို့
ဖေဖော်ဝါရီလ ၇ ရက်နေ့က ပြုလုပ် တဲ့ ပထမအကြိမ် အမျိုးသား လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေး ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနမှ ၀န်ကြီးရဲ့ ပြောပြချက်အရ သိရပါတယ်။ ဒီလို ကျောင်းသင်ခန်းစာ များပါ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို သင်ခန်းစာ တစ်ရပ် အနေနဲ့ ထည့်သွင်း ပြုလုပ်ရခြင်းဟာ အသက် မပြည့်မီပဲ ယာဉ်မောင်းနှင်ခြင်း မပြုနိုင်ရေး အတွက်နဲ့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက် ကျောင်းဆင်းရာမှာ အဓိက အသုံးပြုနေတဲ့ မော်တော်ဆိုင်ကယ် စီးနင်းခြင်းကို ဥပေဒ ဖောက်ဖျက်တဲ့ အဖြစ်မျိုး မပေါ်စေရန် ရည်ရွယ်တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မော်တော်ဆိုင်ကယ် အသုံးပြုရာမှာ လူငယ် လူရွယ်များ အများစု ဖြစ်နေတဲ့ အတွက် ယာဉ်မောင်းလိုင်စင် လာရောက် လျှောက်ထားသူ များကို နိုင်ငံသား မှတ်ပုံတင် မူရင်းပါ မွေးသက္ကရာဇ်ကို စစ်ဆေးပြီး အသက် ပြည့်ပြီးမှသာ ဆောင်ရွက် ပေးလျက် ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ မှာတော့ နိုင်ငံ အတွင်းမှာ မှတ်ပုံတင် ထားတဲ့ စုစုပေါင်း ယာဉ်စီးရေရဲ့ ၈၅ ရာခိုင်နှုန်းဟာ မော်တော် ဆိုင်ကယ်များ ဖြစ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ယာဉ်စည်းကမ်း မလိုက်နာသူများကို ဥပဒေနဲ့ အညီ စစ်ဆေး အရေးယူ နိုင်ဖို့အတွက်ကို သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနဲ့ ပေါင်းစပ် စစ်ဆေးပြီး အရေးယူမှု များကိုပါ ညှိနှိုင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။