မွေးမြူရေးနှင့်
ရေလုပ်ငန်း ၀န်ကြီး ဌာနမှ မွေးမြူ ထုတ်လုပ်ရေး ဒီပလိုမာ သင်တန်းကို
နေပြည်တော်နဲ့ ရန်ကုန်မှာ ပထမဆုံး စတင် ဖွင့်လှစ်ဖို့ စီစဉ်လျက်
ရှိတယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို နေပြည်တော်ရှိ မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ်နဲ့ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန် မြို့နယ်ရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန လေ့ကျင့်ရေးနှင့် ပညာပေးရေး ဌာနစိတ် တို့မှာ ဖွင့်လှစ်ဖို့ စီစဉ်လျက် ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီ သင်တန်းကို ဖေဖော်ဝါရီလ အတွင်း ဖွင့်လှစ်ဖို့ စီစဉ်နေပြီး သင်တန်း ကာလမှာ ၃၈ ပတ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်တန်းသား အနေနဲ့ နေပြည်တော်မှာ ၂၅၀ ဦး၊ ရန်ကုန်မှာ ၂၅၀ ဦး ခေါ်ယူသွားမှာ ဖြစ်ပြီး တိရစ္ဆာန် မွေးမြူရေး ပညာတစ်ခုတည်း သာမဟုတ်ဘဲ ငါး၊ ပုဇွန်စတဲ့ ရေသတ္တ၀ါ မွေးမြူရေး ပညာရပ်ကိုပါ သင်ကြားပေး သွားမှာ ဖြစ်ပါတယ်။
သင်တန်းမှာ စာတွေ့၊ လက်တွေ့ သင်ကြားပေး သွားမှာ ဖြစ်ပြီး မွေးမြူ ထုတ်လုပ်နေတဲ့ နေရာတွေမှာ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်း တက်ရောက် ချင်သူများ အနေနဲ့ ဇီဝဗေဒ ဘာသာတွဲနဲ့ ဘွဲ့ရပြီးသူတိုင်း တက်ရောက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သင်တန်းကို ဖွင့်လှစ် ရခြင်းမှာ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန အတွက် လိုအပ်တဲ့ ပညာရှင်တွေ မွေးထုတ် ပေးနိုင်ဖို့ အတွက် ဖွင့်လှစ် ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။