ရန်ကုန် ၊ ၁-၂-၂၀၁၃
ရန်ကုန်တိုင်း ဒေသကြီး ရှိ ရွှေတိဂုံ စေတီတော် မြတ်ကြီးသို့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့မှ ၂၃ ရက်နေ့ အထိ နိုင်ငံခြားသား ဘုရားဖူး ၃၆၈၃၅ ဦး တက်ရောက် ကြည်ညိုရာ ထိုင်းလူမျိုး ၄၉၂၄ ဦး ၊ တရုတ် လူမျိုး ၃၄၃၆ ဦး ၊ ကိုရီးယား လူမျိုး ၂၈၈၁ ဦး ဂျပန် လူမျိုး ၂၆၃၁ ဦး ၊ အမေရိကန် နိုင်ငံသား ၁၄၉၈ ဦး နှင့် တောင် အာဖရိက လူမျိုး ၃ ဦးတို့ တက်ရောက် ခဲ့ရာ စေတီတော် ကြီးဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၁၈၁၁၃၀ ၊ FEC ၃၀၄၅ နှင့် အလှူတော်ငွေ အမေရိကန် ဒေါ်လာ ၁၃၆၀၂ ၊ FEC ၄၄ ဒေါ်လာ ရရှိကြောင်း စေတီတော်ရုံး အဖွဲ့မှ သိရသည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလက ပြည်ပ ခရီးသွား ၃၄၃၇၀ တက်ရောက် ခဲ့သည့် အတွက် ၂၀၁၃ ခုနှစ်စ မှာပင် ခရီးသွားများ ပိုမို လာရောက်ကြောင်း ပေါပကရုံး အဖွဲ့ မှ သိရသည်။
ရွှေတိဂုံ စေတီတော် မြတ်ကြီးသည် ပြည်ပ ခရီးသွား ဘုရားဖူးများ မြန်မာနိုင်ငံ ၏ အဓိက စိတ်ဝင်စားရာ အချက်အချာ တန်ခိုးကြီး ဘုရားဖြစ်ရာ ရှေးဟောင်း အနုပညာ လက်ရာများ ၊ ဘာသာရေး ဆိုင်ရာ မှတ်တမ်းများ အချိန် အများဆုံး ပေးပြီး လေ့လာရာ နေရာ တစ်ခုဖြစ် သည်နှင့် အညီ ယခုထက် ပိုမို စိတ်ဝင်စား ဖွယ်ကောင်းသော ဆွဲဆောင်မှု များ ဆောင်ရွက် နိုင်လျှင် ပြည်ပ ခရီးသွားများ ပိုမို လာရောက်နိုင်ပြီး နိုင်ငံ ၀င်ငွေ ပိုမို ရရှိနိုင်ကြောင်း ခရီးသွား လမ်းညွှန် အသိုင်းအ၀ိုင်း မှ သိရှိရသည်။