ဦးတေဇပိုင်ဆိုင်သော အမြတ်အစွန်းရရှိသည့် တခြားသော လုပ်ငန်းအချို့ အများပိုင်အဖြစ် ပြောင်းလဲရန် အစီင်္အစဉ်ရှိ

Wednesday, February 20, 2013

ဦးတေဇပိုင်ဆိုင်သည့် AGD ဘဏ်ကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်
ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်မှစတင်ကာ အများပိုင်ကုမ္ပဏီအဖြစ် ပြောင်းလဲခွင့်ပြုလိုက်ပြီဖြစ်ကြောင်း
သတင်းရရှိသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်လီမိတက်ကို ကုမ္ပဏီမှတ်ပုံတင်အမှတ် ၄၉၂၉/၂၀၁၂-၂၀၁၃ ဖြင့် အများပိုင်ကုမ္ပဏီအဖြစ် တရားဝင်
ပြောင်းလဲခွင့်ပေးလိုက်ခြင်း ဖြစ်သည်ဟု အဆိုပါ ဘဏ်၏ Customer ၀န်ဆောင်မှုဌာန ဒါရိုက်တာ ဦးသက်လွင်ရွှေက ပြောသည်။

အများပိုင်အဖြစ် ပြောင်းလဲလိုက်ပြီဖြစ်သည့် AGD ဘဏ်၏ ရှယ်ယာများကို မည်သို့ထုတ်ရောင်းမည်ဆိုသည်နှင့် ပတ်သက်သည်များကို
ပြည်ပနိုင်ငံများရှိ ရှယ်ယာလုပ်ငန်းကျွမ်းကျင်သည့် ကုမ္ပဏီများနှင့် ချိတ်ဆက်ဆွေးနွေးနေကြောင်း သိရသည်။

''လောလောဆယ်က ရှယ်ယာထုတ်ရောင်းဖို့ အဆင့်မရောက်သေးပါဘူး။ ရှယ်ယာနဲ့ပတ်သက်ပြီး တန်ဖိုးဖြတ်မယ့် အဆင့်အတွက်က
ပြည်ပက ကုမ္ပဏီအချို့နဲ့ ချိတ်ဆက်နေပါတယ်။ ပြီးရင် ဗဟိုဘဏ်ဆီ တင်ပြပြီးတာနဲ့ အများပြည်သူကို ရှယ်ယာတွေ ထုတ်ရောင်းမှာပါ'' ဦးသက်လွင်ရွှေက ဆိုသည်။

အာရှစိမ်းလန်းဖွံ့ဖြိုးရေး ဘဏ်ကဲ့သို့ပင် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင်ဆိုင်သော အမြတ်အစွန်းရရှိသည့် တခြားသော လုပ်ငန်းအချို့ကိုလည်း
အများပိုင်အဖြစ် ပြောင်းလဲရန် အစီင်္အစဉ်ရှိကြောင်း သိရသည်။

7days

ဦးတေဇပိုင်ဆိုင်သော အမြတ်အစွန်းရရှိသည့် တခြားသော လုပ်ငန်းအချို့
အများပိုင်အဖြစ် ပြောင်းလဲရန် အစီၤအစဥ္ရိွ

SHARE THIS
Previous Post
Next Post