Degree Lighting Store က ရွှေတိဂုံသို့ မီးပန်းဆိုင်းလှူဒါန်း


Sunday, February 17, 2013


ရန်ကုန်၊ဖေဖေါ်ဝါရီ(၁၆)

Degree Lighting Store မှ ရွှေတိဂုံစေတီတော်မြောက်ဘက်မုခ်တွင်
ဒေါ်လာနှစ် သိန်းတန် မီးပန်းဆိုင်း တပ်ဆင်လှူဒါန်းမည့် သာသနာရေး
အလှူစီမံကိန်းပွဲအား ယနေ့ည(၇)နာရီက ရန်ကုန်မြို့  ပြည်လမ်းရှိထိုင်းသံရုံး တွင်ကျင်းပခဲ့သည်။

အဆိုပါမီးပန်းဆိုင်းလှူဒါန်းပွဲသို့ ထိုင်းသံအမတ်ကြီးနှင့် သံအမတ်ကြီး
ကတော်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

အဆိုပါမီးပန်းဆိုင်းတွင် ချိတ်ဆွဲတပ်ဆင်မည့် မြန်မာ့တွင်းထွက်
ရတနာများအား တက်ရောက်လာသူ စေတနာရှင်များမှလည်း ပါဝင်လှူဒါန်းခဲ့ကြသည်။

၎င်းမီးဆိုင်းအား ဖေဖေါ်ဝါရီလ(၁၇)ရက်နေ့ နံနက်တွင် စတင်တပ်ဆင်
မည်ဖြစ်ပြီး အခြားမုခ်သုံးခုတွင်လည်း ဒေါ်လာတစ်သောင်းဝန်းကျင်တန်ဖိုးရှိ မီးဆိုင်းများတပ်ဆင်လှူဒါန်းသွားဦးမည်ဖြစ် ကြောင်းသိရသည်။

မီးပန်းဆိုင်းလှူဒါန်းပွဲတွင် ယင်းမီးပန်းဆိုင်းလှူဒါန်းသည့် Degree Lighting Store မြန်မာပြည်ကိုယ်စားလှယ် Mr.Puripat နှင့် ထိုင်းနိုင်ငံမှ Ms.Sirin တို့မှ အမှတ်တရစကားများ ပြောကြားခဲ့ ပြီး ထိုင်းနိုင်ငံသံအမတ်ကြီးမှလည်း ယခုလှူဒါန်းမှုမှာ ထိုင်း-မြန်မာချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းပွဲသို့ အနုပညာရှင်များစွာနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ
တက်ရောက်ခဲ့ကြသည်။

သုတလင်း
Popular Myanmar News Journal


SHARE THIS
Previous Post
Next Post