စုံစမ်း စစ်ဆေးရေး အကြီး အကဲဟောင်း ကို လွှဲပြောင်းပေးရန် ICC က လစ်ဗျား အစိုးရအား တောင်းဆို

ယခင် လစ်ဗျား အစိုးရ အဖွဲ့မှ လူသားချင်း စာနာမှု ဆိုင်ရာ ဥပဒေများ ချိုးဖောက်မှုနှင့် တရားစွဲ ခံရသော စုံစမ်း စစ်ဆေးရေး အကြီး အကဲဟောင်း အဗ္ဗဒူလာ ဆနူဆီကို လွှဲပြောင်း ပေးရန် နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံး (ICC) က လက်ရှိ လစ်ဗျား အစိုးရကို တောင်းဆို ခဲ့သည်ဟု သိရသည်။
ဆနူဆီသည် လစ်ဗျား ခေါင်းဆောင်ဟောင်း ကဒါဖီ၏ ယောက်ဖ တော်သူလည်း ဖြစ်သည်။
သို့ရာတွင် ICC ၏ တောင်းဆိုချက်သည် သာမန် လုပ်ရိုးလုပ်စဉ် ဖြစ်ပြီး လစ်ဗျား အစိုးရ အနေဖြင့် ဆနူဆီကို နိုင်ငံ အတွင်း၌သာ စစ်ဆေး ဆုံးဖြတ်ရန် တောင်းဆို ခဲ့ကြောင်း လစ်ဗျား အစိုးရ ရှေ့နေချုပ်၏ ပြောရေး ဆိုခွင့် ရှိသူ တာဟာ ဘာရာက ဆင်ဟွာ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။
ဆနူဆီအား လွှဲပြောင်း ပေးရန် တောင်းဆိုမှုကို မဖြစ်မနေ လိုက်လျော သင့်သည်ဟု ICC က လစ်ဗျား အစိုးရ ကို ပြောကြား ခဲ့သော်လည်း ၎င်းအတွက် မျှတသော တရား စီရင်ချက်ကို ချမှတ်မည် ဖြစ်သောကြောင့် အစိုးရက လွှဲပြောင်းပေး မည် မဟုတ်ကြောင်း ဘာရာက ထပ်လောင်း ပြောကြား ခဲ့သည်။
ရှေ့နေချုပ် ရုံးသည် ဆနူဆီ၏ အမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု များကို အပြီးသတ် လုပ်ဆောင်ခဲ့ပြီး လာမည့် သီတင်း နှစ်ပတ်အတွင်း ၎င်းကို တရားရုံးသို့ ဆင့်ခေါ်၍ ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း တာဟာ ဘာရာက ဇန်နဝါရီလ အတွင်းက ပြောကြား ခဲ့သည်ဟု သိရသည်။
News from: မြ၀တီ

http://www.mwdmedia.net/2013/02/icc.html
ACM Re-post Time: 2013 Feb 10 2:00
News from: မြ၀တီ

အေးချမ်းမွန်

SHARE THIS
Previous Post
Next Post