ယာဉ်အန္တရာယ် သတိပေး လမ်းညွှန် LED ဆိုင်းဘုတ်များ စတင် တပ်ဆင်





ရန်ကုန် ၊ ၁၀-၂-၂၀၁၃
ရန်ကုန်မြို့ အတွင်း ယခင်က တပ်ဆင် ထားသော ယာဉ်အန္တရာယ် သတိပေး လမ်းညွှန် ဆိုင်းဘုတ်များ အစား LED ဆိုင်းဘုတ် များအား ယခုနှစ် ဖေဖော်ဝါရီ လ အကုန်တွင် အပြီးသတ် တပ်ဆင် သွာမည် ဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့ အတွင်း ယခင် ယာဉ်အန္တရာယ် သတိပေး ဆိုင်းဘုတ် များအား ရောင်ပြန်ပြား များဖြင့် တပ်ဆင် ထားခဲ့သည်။ သို့သော် ဆိုင်းဘုတ် များ ထင်ရှားမှု မရှိသည့် အတွက် ယခုအခါ LED ဆိုင်းဘုတ် များဖြင့် ပြောင်းလဲ တပ်ဆင်ခြင်း ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် ၊ အင်ဂျင်နီယာ (လမ်း နှင့် တံတား) မှ သိရသည်။
ယခုအခါ ရန်ကုန်မြို့ အတွင်း ယာဉ်အန္တရာယ် သတိပေး လမ်းညွှန် LED ဆိုင်းဘတ် ၃ ခု တပ်ဆင်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ဆိုင်းဘုတ် များအား ဖေဖော်ဝါရီ လဆန်းပိုင်းမှ စတင် ပြုပြင် ခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီ လကုန်တွင် အပြီးသတ် တပ်ဆင် သွားမည် ဖြစ်ကြောင်း သိရသည်။ " ယာဉ်အန္တရာယ် သတိပေး ဆိုင်းဘုတ် တွေကို LED စနစ်နဲ့ ပြောင်းလဲ တပ်ဆင် လိုက်ရင် ရိုးရိုး သတိပေး ဆိုင်းဘုတ် ထက်ပိုပြီး အကျိုး သက်ရောက်မှု ရှိမယ် ထင်ပါတယ်။ အခု ၃ ခု ပြီးရင် ထပ်မံ တပ်ဆင်ဖို့ အတွက် ဆောင်ရွက် နေပါတယ်  " ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန (လမ်း နှင့် တံတား) မှ ဒုတိယ ဌာနမှူး ဦးမျိုးလွင် က ပြောကြား ကြောင်း သိရှိရသည်။
From : ပြည်ချစ်သား

SHARE THIS
Previous Post
Next Post