မန်စီးတီး အသင်းက လုပ်နေတဲ့ Mind Games တွေကို စိတ် မဝင်စား ပါဘူး # ဖာဂူဆန်


မန်စီးတီး နည်းပြ မန်ချီနီ နှင့် သူ၏ ကစားသမား များ၏ Mind Games လုပ်နေသည်များကို မန်ယူ အသင်းသားများ က အရေးစိုက်နေမည် မဟုတ်ကြောင်း မန်ယူ နည်းပြ ဖာဂူဆန် မှ ပြောကြား သွားခဲ့သည်။
Fergie won't be fooled
မန်ယူ အသင်းမှာ လောလောဆယ် ပရီးမီးယားလိဂ် အမှတ်ပေး ဇယား တွင် ထပ်ဆုံးမှ ဦးဆောင်ကာ ဒုတိယနေရာမှ မန်စီးတီး အသင်းအား ၁၂မှတ် ဖြတ်ထားဆဲ ဖြစ်သည်။ သို့သော် ယမနှစ်က မန်ယူ အသင်းမှာ မန်စီးတီး အသင်းထက် ရမှတ် ၈ မှတ် အသာ ရ ခဲ့သော်လည်း ရာသီ သိမ်းတွင် ဒုတိယ နေရာမှ မန်စီးတီး အသင်းမှ အမှတ်ပေး ဖလား ကို သိမ်းပိုက် သွားခဲ့သည်။
မန်ယူ အသင်း၏ နည်းပြ ဖာဂူဆန်မှ “မန်စီးတီး အသင်းက ကျွန်တော်တို့ အမှတ် ဆုံးရှုံးမယ် ဆိုတာပဲ ပြောနေ တာပါ။ တကယ်တော့ သူတို့ အသင်းလည်း အမှတ်တွေ ဆုံးရှုံး ဦးမှာ ပါပဲ။ ပရီးမီးယားလိဂ် ဆိုတာ တကယ့်ကို ခက်ခဲတဲ့ ပြိုင်ပွဲ ကြီးပါ။ လက်ကျန် ပွဲတွေ အကုန်နိုင်အောင် ကစားဖို့ ဆိုတာ ကျွန်တော်တို့လည်း မဖြစ်နိုင် သလို၊ သူတို့ အသင်းလည်း မဖြစ်နိုင် ပါဘူး။ ကျွန်တော်တို့ မန်ယူ အသင်းက အခု လောလောဆယ် ဇယားထိပ်မှာ ဦးဆောင်နေ တာပါ။ ဒီတော့ လာမယ့် တစ်ပွဲ ခြင်းစီကို အနိုင် ကန်ဖို့ ကြိုးစားရင်း ရာသီ အကုန်မှာ ဘယ်သူက ဖလား ကို ကိုင်မြှောက်နိုင် မလဲဆိုတာ စောင့်ကြည့်ရုံ ပါပဲ” ဟု ပြောကြား သွားခဲ့သည်။
MyanmarStriker


SHARE THIS