အမေရိကန်နှင့် အိုမန်အပါအ၀င် နိုင်ငံတကာရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း ၂၆ ခုတွင် မြှုပ်နှံထားသည့် ဂျပန် MITSUI OIL EXPLORATION ကုမ္ပဏီ မြန်မာနိုင်ငံတွင် မြှုပ်နှံရန်စီစဉ်

Sunday, February 17, 2013

အမေရိကန်နှင့် အိုမန်အပါအ၀င် နိုင်ငံတကာရှိ ရေနံနှင့်သဘာဝ ဓာတ်ငွေ့လုပ်ငန်း ၂၆ ခုတွင် မြှုပ်နှံ ထားသည့် ဂျပန်နိုင်ငံမှ MITSUI OIL EXPLORATION ကုမ္ပဏီ လီမိတက်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်
အတွက် လာရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့က နေပြည်တော်ရှိ ရုံးအမှတ် ၃၂ သို့ လာရောက်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် MITSUI & Co.,Ltd မှ Senior Vice Presidnet Mr. MASANARI NAGAI၊ MITSUI OIL EXPLORATION ကုမ္ပဏီလီမိတက်မှ Unit General Manager Mr. KEN TAKAGI တို့ လာရောက် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်နှင့် ပတ်သက်၍ ဆွေးနွေးခြင်းဖြစ်ပြီး MITSUI OIL EXPLORATION ကုမ္ပဏီလီမိတက်မှာ နိုင်ငံတကာတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများ၌ မြှုပ်နှံနေသည့် ကုမ္ပဏီဖြစ်သည်။

ဂျပန်၊ အမေရိကန်၊ အိုမန်နိုင်ငံများအပြင် ထိုင်းနှင့် မြောက်အာဖရိက
နိုင်ငံများတွင်ပါ မြှုပ်နှံလျက်ရှိသည့် ကုမ္ပဏီဖြစ်သည်။

မြန်မာနိုင်ငံသို့ ဂျပန်နိုင်ငံမှ ကုမ္ပဏီကြီးများ ရင်းနှီးမြှုပ်နှံရန် ဆက်တိုက်
လာရောက်လျက်ရှိပြီး စက်ယန္တရား၊ ကား၊ ကားနှင့် ကားအပိုပစ္စည်း၊
ဆက်သွယ်ရေးဆိုင်ရာ ကုမ္ပဏီကြီးများအပြင် နည်းပညာ ကုမ္ပဏီများပါ
မြှုပ်နှံရန်အတွက် ဆက်တိုက်လာရောက် ဆွေးနွေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရန် လာရောက်ဆွေးနွေးသည့် အခြားနိုင်ငံမှ ကုမ္ပဏီများလည်း ရှိနေပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့က ဘရူနိုင်းနိုင်ငံမှ Brunei National Petroleum Company မှလည်း လာရောက်ဆွေးနွေးခဲ့သည်။

China Southern Power Grid International Co., Ltd. မှလည်း မြန်မာနိုင်ငံတွင် ဖက်စပ်စနစ်ဖြင့် လျှပ်စစ်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန်အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က လာရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - တနင်္သာရီတိုင်းဒေသကြီး ကန်ပေါက်မြို့ နယ်ရှိ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုဖြင့် လာရောက်လုပ်ကိုင်နေသည့် ရေနံနှင့်သဘာဝ
ဓာတ်ငွေ့စီမံကိန်းတစ်ခုကို တွေ့ရစဉ်

Eleven Media Group

အမေရိကန်နှင့် အိုမန်အပါအ၀င် နိုင်ငံတကာရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့
လုပ်ငန်း ၂၆ ခုတွင် မြှုပ်နှံထားသည့် ဂျပန် MITSUI OIL EXPLORATION ကုမ္ပဏီ မြန်မာနိုင်ငံတွင် မြှုပ်နှံရန်စီစဉ်

SHARE THIS
Previous Post
Next Post