မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ Mr. Tomas Ojea Quintana ရောက်ရှိ

11 February 2013

ဖေဖော်ဝါရီ ၁ဝ ရက် ညနေ ၆ နာရီ မိနစ် ၄ဝ တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ အထူး အစီရင်ခံစာ တင်သွင်းသူ Mr. Tomas Ojea Quintana သည် လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာရာ ကုလသမဂ္ဂ အဖွဲ့အစည်းများ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Mr. Ashok Nigam နှင့် တာဝန် ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆို နှုတ်ဆက် ကြသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၉ နာရီခန့်တွင် စစ်တွေသို့ရောက်ရှိလာပြီး ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒေါက်တာထွန်းအောင်နှင့်လည်း မနက်ဖြန်တွင်တွေ့ဆုံမည်ဖြစ်ပြီး ပေါက်တောနှင့်မင်းပြား၊ မြေပုံမြို့နယ်များရှိရိုဟင်ဂျာဒုက္ခသည်များ နှင့်ရခိုင်ဘင်္ဂလီဒုက္ခသည်များထံသို့ ရေကြောင်းဖြင့် သွားရောက်လျက် ရှိကြောင်းသိရသည်။


SHARE THIS
Previous Post
Next Post