ဇူလိုင်လတွင် ထိုင်းနိုင်ငံသို့ ခြေစမ်း ခရီးထွက်မည့် မန်ယူ

မန်ယူ အသင်းသည် လာမည့် နွေရာသီတွင် ထိုင်းနိုင်ငံသို့ ခြေစမ်း ခရီး ထွက်မည်ဟု သိရသည်။ မန်ယူ အသင်းမှာ ၁၉၇၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်ခဲ့ပြီး ယင်းနိုင်ငံတွင် ခြေစမ်းပွဲများစွာ ကစား ခဲ့ဖူးသည်။ မန်ယူအသင်း အနေဖြင့် ယခုနောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ မရောက်ဖြစ်ခဲ့ သည်မှာ ၁၂ နှစ်ခန့် ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။ သို့သော် အသင်းမှ CEO ဖြစ်သူ ဒေးဗစ်ဂီးလ်က မိမိတို့ အသင်း အနေဖြင့် ဇူလိုင် လတွင် ထိုင်းနိုင်ငံသို့ ခြေစမ်းခရီး ထွက်ခွာမည်ဖြစ်ပြီး ယင်းခရီးစဉ်သည် အသင်း၏ ရာသီကြို ပြင်ဆင်မှုအတွက် တစ်စိတ်တစ်ဒေသ အရ အရေးပါလာမည်ဟု မျှော်လင့်ကြောင်း၊ ထိုင်းနိုင်ငံတွင် အသင်းပရိသတ် ၁၉.၅ သန်းကျော် ရှိပြီး အသင်း အနေဖြင့် ယင်းနိုင်ငံတွင် ခြေစမ်းပွဲ အခါခါ သွားရောက် ကစားခွင့် ရခြင်းအတွက် မိမိတို့ အနေဖြင့် ကံကောင်းကြောင်း ပြောကြားခဲ့သည်။

mwdsport

************************************

SHARE THIS
Previous Post
Next Post