လျှပ်စစ် ဝါယာကြိုး အပူ လွန်ကဲရာမှ မီးလောင်ကျွမ်း

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် အမှတ်(၁၆) ရပ်ကွက် ဗန္ဓုလလမ်း သာသနာ့ နယ်မြေ အမှတ် (၂ဝ၁၅၊ ၂ဝ၁၆၊ ၂ဝ၁၇) အာသောက ရာမ ကျောင်းတိုက် ပရဝဏ် အတွင်းရှိ အလျား ပေ ၂ဝ၊ အနံပေ ၃ဝ၊ သစ်သားအုတ်ညှပ် တစ်ထပ် အဆောက်အအုံ တစ်လုံး လျှပ်စစ် ဝါယာကြိုး အပူလွန်ကဲ ရာမှ ယမန်နံနက် ဝဝ နာရီ ၃၅ မိနစ်က မီးလောင်ကျွမ်းမှု ဖြစ်ပွားသည်။

ဖြစ်စဉ်မှာ Extention 10 meter မှတစ်ဆင့် Hot plate သုံးစွဲရာမှ ဝန်နှင့်အား မမျှတ မှုကြောင့် အပူ လွန်ကဲပြီး အနီးရှိ သံဃာ့ အသုံးအဆောင် ပစ္စည်းများနှင့် မျက်နှာကြက် ဝါးထရံများပါ ကူးဆက်၍ လောင်ကျွမ်း ခဲ့ကြောင်း သိရသည်။
ထိုသို့ မီးလောင်ရာသို့ ဒေသခံ ပြည်သူများ၊ မြို့နယ် မီးသတ် တပ်ဖွဲ့မှ မီးသတ်ယာဉ် သုံးစီး၊ သန္ဓေမီးသတ် ၁၂ ဦး၊ အရန်မီးသတ် ၅ဝ ဦးတို့က စုပေါင်း ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီတွင် မီးငြှိမ်းသတ် နိုင်ခဲ့သည်။
မီးလောင် ဆုံးရှုံးမှု တန်ဖိုးငွေကျပ် သုံးသိန်းဖြစ်ပြီး ရွှေပြည်သာ မြို့နယ် လှော်ကား ရဲစခန်းက (ပ) ၇၇ /၂ဝ၁၃ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

မြ၀တီ

http://www.myawady.net.mm/allnews/crimenews/item/8655-2013-03-08-09-09-48

SHARE THIS
Previous Post
Next Post