အီရန်နျူကလီးယား သိပံ္ပပညာရှင်များအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်မှုအတွက် သံသယရှိသူ ၁၈ ဦးအား ရုံးတင် စစ်ဆေးမည်

အီရန်နျူကလီးယား သိပံ္ပပညာရှင်များအား လုပ်ကြံသတ်ဖြတ်မှုတွင် ပါဝင်မှုအတွက် သံသယရှိသူ ၁၈ ဦးအား ရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း အီရန်အစိုး ရ ရှေ့နေ အာဘတ်စ်ဂျာဖရီ ဒေါ်လာတာ ဘာဒီက မတ်လ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

၎င်းတို့အား ရုံးတင်စစ်ဆေးမှုကို ၂ဝ၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စတင်မည့် အီရန်ပြက္ခဒိန် နှစ်သစ်တွင် ပြုလုပ်မည် ဖြစ်ကြောင်း အီရန် တရားရေး အရာ ရှိ ဒေါ်လာတာ ဘာဒီက ထပ်လောင်း ပြောကြားခဲ့ ပါသည်။ အစိုးရ ရှေ့နေရုံး အနေဖြင့် အဆိုပါ အကြမ်းဖက်သမား ၁၈ ဦးအား စွဲချက်တင်နိုင်ရေး အတွက် ထောက်လှမ်းရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း ၎င်းက ပြောကြားခဲ့ ပါသည်။

၂ဝ၁၁ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အီရန် နျူကလီးယား သိပံ္ပပညာရှင် မော်စတာ ဖာအာမက်ဒီ ရော့ဟန်၏ မော်တော်ယာဉ်အား အမည်မသိ မော်တော်ဆိုင်ကယ် စီးနင်းသူများက သံလိုက်ဗုံး တပ်ဆင်၍ ဖောက်ခွဲမှု ပြုလုပ်ခဲ့ပါသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် မော်စတာဖာ အာမက်ဒီ ရော့ဟန်သည် နေရာ၌ ပင်သေဆုံးခဲ့ပြီး ၎င်း၏ယာဉ်မောင်းသည် ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ပြီးနောက် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ အီရန် နျူကလီးယား ပညာ ရှင်များဖြစ်သော Dariush Rezaeinejad နှင့် Masoud Ali-Mohammadi တို့သည်လည်း ထိုကဲ့သို့ အကြမ်းဖက် တိုက်ခိုက် ခံရမှုများကြောင့် သေဆုံးခဲ့ရ ပါသည်။

မြ၀တီ

http://bit.ly/Ynyc5n

SHARE THIS