ညတိုက်ပွဲ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ သေဆုံး

 Tuesday, March 19, 2013

အမေရိကန်တွင် မရိန်းတပ်ဖွဲ့ဝင် ၇ ဦး စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ်
သေဆုံးသွားကြောင်း စစ်တပ် အရာရှိများက ပြောကြားသည်။

နီဗားဒါးပြည်နယ် သဲကန္တာရအတွင်း ပြုလုပ်ခဲ့သော ကျည်ဆန်၊ လက်နက် အစစ်များ အသုံးပြုသည့် စစ်ရေးလေ့ကျင့်မှုအတွင်း မတော်တဆဖြစ်
ရပ်ကြောင့် မရိန်းတပ်ဖွဲ့ဝင် ၇ ဦးသေဆုံးပြီး အနည်းဆုံး ၇ ဦး ဒဏ်ရာ
ရရှိခဲ့ကြောင်း NBC News တွင် ဖော်ပြသည်။

မတော်တဆဖြစ်ရပ်နှင့် ပတ်သက်၍ သတင်းဖော်ပြချက်များ ကွဲလွဲမှုရှိနေပြီး သတင်းတစ်ခု၏ အဆိုအရ ၆၀ မီလီမီတာ မော်တာလက်နက်ကို ပစ်ခတ်ရန်
ပြင်ဆင်နေစဉ် မော်တာကျည်ဆန် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟုဆိုသည်။

တနင်္လာနေ့ညပိုင်းက ဟောသော်နီ စစ်ရေးလေ့ကျင့်စခန်းတွင် ညတိုက်ပွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်စဉ် ဒေသစံတော်ချိန် ည ၁၀း၀၀ တွင်မတော်တ
ဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကယ်လီဖိုးနီးယားပြည်နယ် နယ်စပ်အနီး
တည်ရှိသော ဟောသော်နီ စစ်ရေးလေ့ကျင့်စခန်းသည် ဧက ၁၄၇,၀၀၀ ကျယ်ဝန်းပြီး လက်နက်တိုက်နှင့် စစ်ရေးလေ့ကျင့်ကွင်းများ ပါဝင်ကြောင်း သိရှိရသည်။

Planet Myanmar Network

“ညတိုက်ပွဲ စစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန် မရိန်းတပ်ဖွဲ့ဝင်များ
သေဆုံး”

SHARE THIS