ပြည်သူတစ်ဦးရဲ့ နှလုံးသားမှစကားသံ နဲ့ သမ္မတကြီးရဲ့ စကားပြောသော အသဲနှလုံးသို့

ကျွန်တော်ကိုယ်တိုင်ကလည်း သမ္မတကြီးကို အထင်လွဲခဲ့ဖူးပါတယ် ။
သမ္မတကြီးဟာ စစ်ဖက်မှ အရပ်ဖက်သို့ ပြောင်းလဲလာတော့ ကျွန်တော်လည်း အထင်လွဲမိပါတယ် ။
သူရဲ့ နိုင်ငံနဲ့ လူမျိုးအတွက် အနွံတာ ခံခဲ့တဲ့ စိတ်ဓါတ်တွေကို တဖြည်းဖြည်းနဲ့ မြင်လာခဲ့တယ် ။ သိလာခဲ့တယ် ။
သူ့ နှလုံးခုန်စက် အသံလေးကို ကျွန်တော် ကြားလာခဲ့မိပါတယ် ။
ပြည်သူထဲက ပြည်သူတွေပဲ သူ့ကို ၀ိုင်းဝန်းပြစ်တင်ပါလျှက် နွေးထွေးမူ့ မေတ္တာ တရားနဲ့ ပြည်တွင်းပြန်ဖို့လက်ကမ်းခေါ်ဆိုခဲ့ဖူးပါတယ် ။
နိုင်ငံခြား ခရီးစဉ်မှာလည်း သူကို့ ရိုင်းပြစွာ ဆက်ဆံခဲ့တဲ့ အတိုက်အခံတို့ကိုလည်း မေတ္တာတရားရှေ့ထားပြီး မိဘနှင့်သားသမီး သဖွယ် ဆွေးနွေးခဲ့တယ် ။
တိုင်းပြည်အတွက်လည်း စင်္ကာပူမှာ အောက်ကျခံ ထိုင်စောင့်ခဲ့ဖူးပါတယ် ။ ခုခရီးစဉ်မှာလည်း တိုင်းပြည်အတွက် မျက်နှာငယ်ခံခဲ့ပါတယ် ။
ခုသူပြန်လာတဲ့အချိန်မှာ ပြည်သူတွေနွေးထွေးစွာနဲ့ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ် ။
ကျွန်တော် ၀မ်းနည်း မျက်ရည်လည်မိပါတယ် ။ ကျွန်တော် ကိုယ်တိုင်က စိတ်ရင်း စေတနာနဲ့လုပ်ဆောင်ပေးတဲ့ သမ္မတကြီးကို စိတ်ထဲက စော်ကားမိဖူးတယ် ။
တကယ်ပါဗျာ ။ နောင်တတွေများစွာနဲ့ ကျွန်တော် ရှက်ရှက်နဲ့ပဲ သူမျက်နှာကို အနီးကပ် ကြည့်ခဲ့မိပါတယ် ။
သမ္မတကြီးရယ် ဘာ့ကြောင့်များ ဒီလောက်တောင် မေတ္တာ တရားနက်ရှိုင်းရတာလဲ ။
သမ္မတကြီးရဲ့ ပီတိ အပြုံးတွေ ဘာ့ကြောင့် အေးချမ်းရတာလဲ ။ သမ္မတကြီးရဲ့ မျက်နှာကို ကျွန်တော် အနီးကပ်သေချာကြည့်ပြီး ခွန်အားတွေ ပြည့်ပြီး စိတ်ဓါတ်တွေ ရဲရင်လာတယ် ။
သမ္မတကြီးကို အားကျတယ် ၊ သမ္မတကြီးလို ပြတ်သားတဲ့ ခေါင်းဆောင်ကောင်းကို လေးစားလာမိတယ် ။
ကျွန်တော်လည်း နိုင်ငံသား ၁ ယောက်အနေနဲ့ လိုချင်ခဲ့မိပါတယ် ။ တောင်းဆိုခဲ့မိချင်ပါတယ် ။
ဒါပေမဲ့ဗျာ သမ္မတကြီး မျက်နှာကို သေချာ ကြည့်ရင်း တောင်ဆိုဖို့ ကိုယ့်လိုအင် ဆန္ဒတွေကို ရှေ့တန်းတင်ဖို့ ရှက်လာမိတယ် ။ ဘာ့ကြောင့်လဲဆိုတော့ သူရဲ့ အသက်အရွယ်နဲ့ သူ့ကျန်းမာရေးကို မြင်တွေရလို့
သူဟာ သာမာန်လူတွေလို နှလုံးသား အစစ်မဟုတ်ပဲ အစားထိုး စက်နှလုံးနဲ့ တိုင်းပြည်နဲ့လူမျိုးအတွက်ကို ကြိုးစားပေးခဲ့လို့ ကျွန်တော့်လိုအင် ဆန္ဒ ပြောင်းလဲသွားခဲ့တယ် ။ ဒီဆန္ဒဟာလည်း ဘယ်တော့မှ မပြောင်းလဲသွားဘူးဆိုတာ
ကျွန်တော် ကိုယ်ကျွန်တော်သိပါတယ် ။ ဒါဟာဘာလဲဆိုတော့ သမ္မတကြီးရဲ့ အစားထိုး စက်နှလုံးဟာ သာမာန်ပြည်သူတွေထက်ပိုကျန်းမာပြီး ကျွန်တော်တို့လို မိသားစုတွေနဲ့ အတူပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ပါပဲ ။
ကျွန်တော် ဘာမှလည်း မလိုချင်တော့ပါဘူး ကျွန်တော်တို့ကို ပေးခဲ့တဲ့ အဖြူရောင် မေတ္တာ တရားနဲ့တင်ပြည့်စုံသွားပါပြီ ။
သမ္မတကြီးက ပြည်သူတိုင်းအပေါ် ထားခဲ့တဲ့ ဖြူစင် မေတ္တာ တရားဟာ ၊ ကျွန်တော်တို့ ပြည်သူတွေကလည်း သမ္မတကြီးအပေါ် ရောင်ပြန်ဟပ်သော တုန့်ပြန်မူ့နဲ့ အတူ ဖြူစင်သော တောင်းဆုတွေပြုချင်ပါတယ် ။
သမ္မတကြီး ထာဝစဉ် ကျန်းမာပါစေ ၊ အစားထိုး စက်နှလုံးသားလေး ထာဝရ အားအင်ပြည့်စုံနေပါစေလို့ ....... ။

Myawady News
ပြည်သူတစ်ဦးရဲ့ နှလုံးသားမှစကားသံ နဲ့ သမ္မတကြီးရဲ့ စကားပြောသော အသဲနှလုံးသို့
======================================

ပေးပို့သူ - ကိုမင်း ( ရန်ကုန်-တောင်ဥက္ကလာ )
ပြန်လည်ဝေမျှသူ - စစ်ရန်နိုင်

SHARE THIS
Previous Post
Next Post