အများသုံး သန့်စင်ခန်းများတွင် ဆေးခြယ်သူများကို စောင့်ကြပ် ဖမ်းဆီးတော့မည်

Tuesday, March 5, 2013

အများသုံး သန့်စင်ခန်း နံရံများပေါ်တွင် မှုတ်ဆေးခြင့် စာတန်း နှင့် အရုပ် ရေးသူများကို စောင့်ကြပ် ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီမှ သိရသည်။ ယင်းသို့ အများသုံး သန့်စင်ခန်း နံရံများပေါ် တွင် မှုတ်ဆေးဖြင့် စာတန်းများ
ရေးဆွဲမှုမှာ နှစ်ကြိမ် တိုင်တိုင် ရှိပြီဖြစ်၍ စည်ပင် ဥပဒေဖြင့် အရေးယူရန်
ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက် ဌာနမှူး ဦးရဲကျော်မိုး က " သန့်စင်ခန်း နံရံမှာ မှုတ်ဆေးဘူး တွေနဲ့ မှုတ်ထားလို့ စည်ပင် ဥပဒေနဲ့ ဖမ်းဆီး အရေးယူ နိုင်ဖို့ ဆောင်ရွက် သွားပါမယ် ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ဌာနမှ တာဝန်ရှိ သူတွေက စောင့်ဆိုင်း ဖမ်းဆီး သွားပါမယ် ၊ ဒီလို ဖြစ်တာ ၂ နေရာ ရှိသွားပြီး ထပ်မဖြစ် အောင် အခုလို အရေးယူဖို့ လုပ်တာ ... " ဟု ပြောကြား ခဲ့သည်။

နံရံများအပေါ်တွင် စာတမ်းများ ရေးဆွဲ ခံရသော သန့်စင်ခန်း ၂ ခုမှာ ဗိုလ်ချုပ်လမ်း နှင့် သိမ်ဖြူ လမ်းထောင့် ရှိ သန့်စင်ခန်း နှင့် အနော်ရထာ လမ်းနှင့် ဗိုလ်အောင်ကျော် လမ်းထောင့်ရှိ သန့်စင်ခန်း တို့ဖြစ်ပြီး
ဆေးများ ပြန်လည် သုတ်ထား ရသည်ဟု သိရသည်။

အဆိုပါ သန့်စင်ခန်း များမှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး
ကော်မတီ နှင့် ပုဂ္ဂလိက ကုမ္ပဏီတို့ BOT စနစ်ဖြင့် ဆောင်ရွက် ထားသော သန့်စင်ခန်း များဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်း မြေပေါ် အဆင့်မြင့် သန့်စင်ခန်း ၂၈ ခု ၊ ဆောက်လုပ်ဆဲ တစ်ခု နှင့် အပေါ့သွားရန် ရွေ့လျား သန့်စင်ခန်း ၁၀ ခုရှိကြောင်း သိရှိရသည်။

The Myawady Daily

SHARE THIS
Previous Post
Next Post