တရုတ်သမ္မတ ရွေးကောက်ပွဲများကို မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သွားမည်

တရုတ်သမ္မတ ရွေးကောက်ပွဲများကို မတ်လ ၁၄ ရက်နေ့တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ထုတ်ပြန်ချက်ကို (၁၂) ကြိမ်မြောက် နိုင်ငံလုံး ဆိုင်ရာ ပြည်သူ့ ကွန်ဂရက်၏ သတင်း ပြန်ကြားရေး စင်တာက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါသည်။

တရုတ် ကွန်မြူနစ်ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ရှီကျင့်ပင်သည် သမ္မတအဖြစ် ရွေးကောက် ခံရလိမ့်မည်ဟု မျှော်မှန်းကြပါသည်။ ထို့ပြင် လွှတ်တော် အမတ်များ အနေဖြင့် ဝန်ကြီးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရာထူးများ အတွက်လည်း မဲပေး ရွေးချယ်ပေးရမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

http://bit.ly/14VYoH3

SHARE THIS
Previous Post
Next Post