မွန်ပြည်နယ် ကျိုက်မရော မြို့နယ် ရေတွင်းကုန်း ကျေးရွာ မိုင်တိုင်အမှတ်
(၁ဝ/၁)နှင့် (၁ဝ/၂) အကြားတွင် မတ်၁၆ ရက် နံနက် ၇ နာရီက ကျိုက်မရော မြို့နယ်
ရေတွင်းကုန်း ကျေးရွာ မော်လမြိုင်- ကျိုက်မရော ကားလမ်းတွင် မော်လမြိုင်
ဘက်မှ ကျိုက်မရော မြို့သို့ အမျိုး သား တစ်ဦး (စိစစ်ဆဲ) မောင်းနှင်ပြီး
နောက်မှ အမျိုးသမီး တစ်ဦး လိုက်ပါ စီးနင်းလာသော ၂၈ယ/-----အဲလ်ဖာဝေ့ဖ် ၁ဝဝ
အမျိုးအစား အဖြူရောင် ဆိုင်ကယ်နှင့် ကျိုက်မရော ဘက်မှ မော်လမြိုင်
ဘက်သို့ ယာဉ်မောင်း ဦးမဲရောင် မောင်းနှင်ပြီး နောက်မှ ဦးကျော်လွင်
လိုက်ပါ စီးနင်းလာသော ၅ယ/---- ဟွန်ဒါဒရင်း ၁၂၅ အမျိုးအစား အစိမ်းရောင်
ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ၂၈ယ/------ဆိုင်ကယ်အား
မောင်းနှင်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ အခင်း
ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး ၅ယ/--- ဆိုင်ကယ် နောက်မှ
လိုက်ပါသူ ဦးကျော်လွင်မှာ ယာလက်ခုံ ပွန်းပဲ့ ဒဏ်ရာ၊ ဝဲပါး ပွန်းပဲ့
ဒဏ်ရာ၊ ဝဲ/ ယာ ဒူးပွန်းပဲ့ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဆိုင်ကယ်ကို
မဆင်မခြင် မောင်းနှင်သူ ဦးမဲရောင်နှင့် အမည်မသိ အမျိုးသား (သေဆုံး)တို့အား
ကျိုက်မရော ရဲစခန်းမှ(ပ) ၅/၂ဝ၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃ဝ၄(က)/၃၃၇/ ၃၃၈
အရ အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
