မွန်ပြည်နယ် ကမာဝက် ဘူတာနှင့် သံဖြူဇရပ် ဘူတာ အကြား မိုင်တိုင် အမှတ်
(၂၁၁/၁၆) မှ (၂၁၁/၂၄) ၌ မတ် ၅ ရက် ညနေ ၃ နာရီ ၁ဝ မိနစ်ခန့်က
စက်ခေါင်းမောင်း ဦးတင်ရှိန် မောင်းနှင်ပြီး ရထားထိန်း ဦးတင်ထွဋ် လိုက်ပါ
တာဝန် ထမ်းဆောင် လာသော အမှတ် (၁၇၃) အဆန် မော်လမြိုင်- ရေး လူစီးရထားသည်
သံလမ်းတွင် ခင်းထားသော ဇလီဖားတုံးများ မီးလောင် နေသဖြင့် ရထားကို
မိုင်တိုင်အမှတ် (၂၁၁/ ၁၂) တွင် မိနစ် ၂ဝ ခန့် ရပ်တန့် ခဲ့ရသည်။
မီးလောင်ရာသို့ ရထားပေါ်တွင် လိုက်ပါ တာဝန် ထမ်းဆောင် သူများနှင့် ခရီးသည်များ ဝိုင်းဝန်း မီးငြှိမ်းသတ် ခဲ့သဖြင့် မီးငြိမ်း သွားခဲ့ပြီး ရထားပုံမှန် အတိုင်း ထွက်ခွာ သွားနိုင်ကြောင်း သိရသည်။
မှ ( မြ၀တီ )
မီးလောင်ရာသို့ ရထားပေါ်တွင် လိုက်ပါ တာဝန် ထမ်းဆောင် သူများနှင့် ခရီးသည်များ ဝိုင်းဝန်း မီးငြှိမ်းသတ် ခဲ့သဖြင့် မီးငြိမ်း သွားခဲ့ပြီး ရထားပုံမှန် အတိုင်း ထွက်ခွာ သွားနိုင်ကြောင်း သိရသည်။
မှ ( မြ၀တီ )