စိုးမြတ်သူဇာက လတ်တလောမှာ ဒါရိုက်တာသားကြီးရိုက်ကူးတဲ
သူငယ်ချင်း မြတ်ကေသီအောင်ရဲ့မွေးနေ့မှာ
''ကျွန်မအတွက်ကတော့ သိပ်မထူးခြားပါဘူး။
၎ဝ မှာ ဘဝစတယ်လို့ ပြောလေ့ပြောထ ရှိပါတယ်။ မိကေ (မြတ်ကေသီအောင်) ဆို ဟိုတစ်နေ့က ၄၁ နှစ်ပြည့်တယ်။ သူက သူ့ဘာသာသူ ရယ်စရာအမြဲပြောတယ်။ ငါက အခုမှ တစ်နှစ်သမီးပဲ ရှိသေးတယ်။ ကလေးပဲရှိသေးတာတဲ့။ ကျွန်မကကျတော့ ၈ လပိုင်းဆိုရင် ၄၂ နှစ်ပြည့်ပြီ။ ကျွန်မအတွက် ဘာမှမထူးခြားဘူးဆိုတာက အမှန်အတိုင်းပြောရရင် အခုအချိန်မှာ ငယ်ငယ်တုန်းကနဲ့လည်း တူစရာ အကြောင်းမရှိဘူး။ ကျွန်မကို သူများတွေကပြောကြတယ် ။ ကောလာဟလအနေနဲ့ ဘယ်သူနဲ့ပတ်သက်တယ်၊ ဘယ် သူနဲ့ဘယ်လို ဆိုပြီး ပြောကြတယ်။ ကျွန်မအားလုံးကို ခင်ခင်မင်မင်ဆက်ဆံတာပဲရှိတယ
ရည်းစားရှိလားလို့ အမေးခံရတာ ရှက်ဖို့ကောင်း ပါတယ်။ ဒီအရွယ်ကြီးကျမှ ရည်းစားရှိလားဆိုတဲ့ စကားကို ပြောကိုမပြောချင်တာ။ ချစ်သူရှိလားတို့၊ အိမ်ထောင်ပြုဖို့ ရည်ရွယ်ထားတဲ့လူရှိလားလို့ မေးကြတယ်။ တစ်ယောက်မှမရှိဘူး။ ကြားနေရတဲ့ကောလာဟလ သတင်းတွေနဲ့ ပတ်သက်လို့ အဲဒါတွေလည်း လုံးဝမဟုတ်ပါဘူး။
အချစ်ရေးအကြောင်းတွေလည်း မပြောချင်ပါဘူး။ မပြောချင်ပေမယ့်လည်း အများကြီးမေးလာတဲ့အခါကျတော့
ကျွန်မမှ ချစ်စရာ ကောင်းတဲ့ ကလေးလေးနှစ်ယောက် ရှိတယ်။ ခင်မင်စရာကောင်းတဲ့ မိတ်ဆွေကောင်းတွေရှိတယ်။ တော်ပြီလေ။ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးတစ်ခုရှိတယ်။ ကျေနပ်ဖို့ကောင်းပါတယ်။ ကျွန်မအတွက် အဆင်ပြေပါ တယ်။ အစတုန်းကတော့ ရည်ရွယ် ချက်တွေ၊ တွေးခဲ့ဖူးတာတွေ အများကြီးပါ။ အလကားပါပဲ။ အဲဒါတွေလည်း ဖြစ်ချင်တိုင်းဖြစ်တာမှ မဟုတ်တာ။ မဖြစ်လို့ဆိုပြီး ကျွန်မက ဘယ်တော့မှ တမ်းလည်း တမ်းတမှာမဟုတ်ဘူး။ နောင်တလည်း မရဘူး။ ပြန်လည်းတွေးမှာ မဟုတ်ဘူး။ ဖြစ်လာတဲ့အနေအထားပေါ် မူတည်ပြီး အကောင်းဆုံး ကျင့်ကြံနေထိုင်သွားမှာပဲ။ အားလုံးနဲ့ ပြေလည်အောင်ဆက်ဆံသွားမှာပဲ'
ခိုင်ဝေလွင် - Popular Journal