သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သွားမည်

မတ် ၁၉ ရက်၊ ၂၀၁၃

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သွားမည် ။ ယင်းခရီးစဉ်တွင် လက်ပံတောင်းတောင် အရေးဆွေးနွေးဖွယ်ရှိဟု တရုတ်အထူးသံတမန် ပြောကြားနိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာမည့်ဧပြီလဆန်းတွင် တရုတ်နိုင်ငံသို့သွား ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်ရောက် ရှိနေသော တရုတ်နိုင်ငံ ဆိုင်ရာ အာရှရေးရာ အထူးသံတမန် H.E Wang Yingfan က ပြောကြားသည်။

အဆိုပါ ခရီးစဉ်တွင် ဦးသိန်းစိန်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအပါအဝင် အခြားကိစ္စရပ်များ ကို ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း တရုတ် နိုင်ငံ ဆိုင်ရာ အာရှရေးရာ အထူးသံတ မန်က ဆီဒိုနားဟိုတယ်၌ မတ်လ ၁၆ရက်တွင် ပြုလုပ်ခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှီး နှော ဖလှယ် ပွဲတွင် ပြောကြားခဲ့သည်။ယင်းက ''ဧပြီလဆန်းမှာ သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို အလည်အပတ်လာဖို့ရှိပါတယ်။

အခုပြောနေကြတဲ့ လက်ပံတောင်း တောင် စီမံကိန်းနဲ့ အခြားကိစ္စတွေကို ကျွန်တော်တို့နိုင်ငံ ဥက္ကဋ္ဌကြီးက ဆွေးနွေးဦး မှာပါ''ဟု ပြောကြား သည်။အဆိုပါနှီးနှောဖလှယ်ပွဲသို့နိုင်ငံရေးပါ တီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဗဟုအဖွဲ့တို့မှ ပုဂ္ဂိလ်များ တက်ရောက်ခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်မှုခိုင်မြဲရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ၊ လက်ပံတောင်းတောင်စီမံကိန်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

မြန်မာအစိုးရက တရုတ်နိုင်ငံဘက်ကို စီးပွားရေးနှင့် အခြားကိစ္စရပ်များကိုတောင်း ဆိုထားကြောင်း၊ လယ်သမားများ အားချေးငွေ ထုတ်ပေးရေး ကိစ္စများ ကိုလည်း တောင်းဆို ထားသဖြင့် ဆောင်ရွက်နေ သည်ဟု တရုတ် နိုင်ငံဆိုင်ရာအာရှရေးရာအထူးသံတမန်က ဆက်လက်ပြော ကြား သည်။

အေးမြမြထွန်း

Yangon Media Group

သမ္မတ ဦးသိန်းစိန် တရုတ်ပြည်သွားမည်

မတ် ၁၉ ရက်၊ ၂၀၁၃

သမ္မမတ ဦးသိန်းစိန် တရုတ်ပြည်သွားမည်ယင်းခရီးစဉ်တွင် လက်ပံတောင်းတောင် အရေးဆွေးနွေးဖွယ်ရှိဟု တရုတ်အထူးသံတမန် ပြောကြားနိုင်ငံတော်သမ္မတဦးသိန်းစိန်သည် လာမည့်ဧပြီလဆန်းတွင် တရုတ်နိုင်ငံသို့သွား ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင်ရောက် ရှိနေသော တရုတ်နိုင်ငံ ဆိုင်ရာ အာရှရေးရာ အထူးသံတမန်  H.E Wang Yingfan  က ပြောကြားသည်။

အဆိုပါ ခရီးစဉ်တွင် ဦးသိန်းစိန်က လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းအပါအဝင် အခြားကိစ္စရပ်များ ကို ဆွေးနွေးနိုင်ဖွယ်ရှိကြောင်း တရုတ် နိုင်ငံ ဆိုင်ရာ အာရှရေးရာ အထူးသံတ မန်က ဆီဒိုနားဟိုတယ်၌ မတ်လ ၁၆ရက်တွင် ပြုလုပ်ခဲ့သော တရုတ်-မြန်မာဆက်ဆံရေးနှီး နှော ဖလှယ် ပွဲတွင် ပြောကြားခဲ့သည်။ယင်းက ''ဧပြီလဆန်းမှာ သမ္မတဦးသိန်းစိန် တရုတ်ပြည်ကို အလည်အပတ်လာဖို့ရှိပါတယ်။ 

အခုပြောနေကြတဲ့ လက်ပံတောင်း တောင် စီမံကိန်းနဲ့ အခြားကိစ္စတွေကို ကျွန်တော်တို့နိုင်ငံ ဥက္ကဋ္ဌကြီးက ဆွေးနွေးဦး မှာပါ''ဟု ပြောကြား သည်။အဆိုပါနှီးနှောဖလှယ်ပွဲသို့နိုင်ငံရေးပါ တီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် ဗဟုအဖွဲ့တို့မှ ပုဂ္ဂိလ်များ တက်ရောက်ခဲ့ပြီး မြန်မာ-တရုတ် ချစ်ကြည်မှုခိုင်မြဲရေး၊ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စများ၊ လက်ပံတောင်းတောင်စီမံကိန်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

မြန်မာအစိုးရက တရုတ်နိုင်ငံဘက်ကို စီးပွားရေးနှင့် အခြားကိစ္စရပ်များကိုတောင်း ဆိုထားကြောင်း၊ လယ်သမားများ အားချေးငွေ ထုတ်ပေးရေး ကိစ္စများ ကိုလည်း တောင်းဆို ထားသဖြင့် ဆောင်ရွက်နေ သည်ဟု တရုတ် နိုင်ငံဆိုင်ရာအာရှရေးရာအထူးသံတမန်က ဆက်လက်ပြော ကြား သည်။

အေးမြမြထွန်း

Yangon Media Group

SHARE THIS
Previous Post
Next Post