ပြည်တွင်းသို့တင်သွင်းလာသည့် လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ကန်သတ်ပစ္စည်းများကို ရှာဖွေစစ်ဆေးနေသော တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ (Mobile Team) သည် ပဲခူးတိုင်းဒေ သကြီး ဝေါမြို့နယ် ညောင်ခါးရှည်-ဒိုက်ဦးသွား မဟာဗျူဟာလမ်း ဆုံတွင် တာဝန်ထမ်းဆောင်နေစဉ် ကျော်မင်းလတ်မောင်းနှင်လာသည့် ယာဉ်အမှတ် AA/........ကို ရှာဖွေစစ်ဆေးရာ ထိုင်းနိုင်ငံထုတ် အသားတုအစို ၁၅ အိတ် (၉၇၅ ကီလို) ကိုတွေ့ရှိခဲ့သည်။
အဆိုပါအသားတုအစိုများသည် စားသုံးသူပြည်သူများအတွက် အန္တရာယ်ရှိနိုင် သဖြင့် မတ် ၁ ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။
ကြေးမုံသတင်းစာ