မက္ကဆီကိုရှိ မွေးမြူရေးခြံ တစ်ခြံ၌ မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းနှင့် အတူ သမင်နှင့် ကျားများ ရဲတပ်ဖွဲ့ ဖမ်းဆီး ရရှိခဲ့

မတ် ၄ ရက်၊ ၂၀၁၃

မက္ကဆီကို ရဲတပ်ဖွဲ့သည် နိုင်ငံ အနောက်ပိုင်းရှိ မွေးမြူရေး ခြံတစ်ခြံ၌ ကျားနှစ်ကောင်နှင့် သမင်များအား ဖမ်းဆီ: ရရှိခဲ့ပြီး မူးယစ်ဆေးဝါး ဓာတ်ခွဲခန်းဟု ယူဆရသော ဓာတ်ခွဲခန်း တစ်ခန်းကိုလည်း တွေ့ရှိ ခဲ့ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

ထို့အပြင် ယင်း ဓာတ်ခွဲခန်းရှိ စည်ပိုင်း၊ ဆွဲပုံးနှင့် ဘွိုင်လာအိုးများ အတွင်း၌ မီယမ် ဖီတာမင်း ထုတ်လုပ် ရာတွင် အသုံးပြုခဲ့သည်ဟု ယူဆရသော ဓာတု ပစ္စည်းများ ကိုလည်း ရှာဖွေ တွေ့ရှိခဲ့သေးကြောင်း ဂျလီကို ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန် ခဲ့သည်။
...
၎င်း မွေးမြူရေးခြံ၌ သံသယ ဖြစ်ဖွယ် အမျိုးသားများ စောင့်ကြပ်လျက် ရှိသည်ကို တွေ့ရှိခဲ့ပြီး ဆိုးရွားသော ဓာတု ဆေးဝါး အနံ့များ ရရှိခဲ့သည်ဟု အနီးအနားရှိ ဒေသခံများ ထံမှ တိုင်ကြားချက် တစ်ခု ရရှိ ခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် ယာဟွာလီကာ မြို့သို့ ယခုရက် အစောပိုင်းက သွားရောက် စစ်ဆေး ခဲ့ရာမှ အဆိုပါ မူးယစ် ဆေးဝါး ဓာတ်ခွဲခန်းနှင့် တိရစ္ဆာန်များကို ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

သို့ရာတွင် ၎င်း မွေးမြူရေး ခြံရှိ ခြံစောင့်များမှာ ထွက်ပြေး တိမ်းရှောင် ခဲ့ကြောင်း သိရသည်။

Kachin Daily News

http://bit.ly/XQLjM6

SHARE THIS
Previous Post
Next Post