မြန်မာနိုင်ငံရှိ လုပ်သားထုဖွံ့ဖြိုးတိုးတက်ရေး သင်တန်းနှင့် အဆိုပါ
သင်တန်းများအတွက် သင်းရိုးညွှန်းတမ်း ရေးဆွဲခြင်းများအတွက် စင်္ကာပူနိုင်ငံရှိ
အဖွဲ့အစည်းသုံးခုတို့ ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက မတ်လ ၇ ရက်နေ့က သိပ္ပံနှင့် နည်းပညာ သုသေသန ဦးစီးဌာနတွင် ကျင်းပသော Introduction to Modular Competency-based Curriculum Design and Development Training Program သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လုပ်သားများကို အာဆီယံအဆင့်မီ ကျွမ်းကျင်လုပ်သားများ
ဖြစ်လာစေရန်အတွက် စင်္ကာပူနိုင်ငံမှTemasek Foundation (Singapore), Singapore Polytechnic, ITEES တို့နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်း ၄ မျိုး၊ သင်တန်းအစီအစဉ် ၇ ရပ်အား စီမံကိန်းကာလ နှစ်နှစ်အတွင်း အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့နိုင်ငံမှာ လုပ်သားထုက ၆ဝ ရာခိုင်နှုန်း ရှိတယ်။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရင် အလုပ်
အကိုင် အခွင့်အလမ်းတွေ များလာမယ်။ ၂ဝ၁၅ မှာ Asean Economic Community ဖြစ်လာတဲ့အခါ Free flow of skilled Labour ကို အကောင်အထည် ဖော်တော့မယ်။ ဒါပေမယ့် ကျွန်တော်တို့ လုပ်သားတွေက ကျွမ်းကျင်မှုမရှိရင် တခြားနိုင်ငံက လုပ်သားတွေက ဝင်လာကြလိမ့်မယ်။ အခု သင်တန်းက အဲဒါကိုရည်ရွယ်ပြီး လုပ်တာပါ'' ဒုတိယဝန်ကြီးက
ပြောကြားခဲ့သည်။
အလုပ်သမား ညွန်ကြားမှု ဦးစီးဌာန ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း (ရန်ကင်း) မှ ကျောင်းအုပ်ကြီး ဒေါ်ခင်မာအေးမှ ''အခုသင်တန်းကို ပုဂ္ဂလိကသင်တန်းကျောင်း ၄၇ ကျောင်းက သင်တန်းသားတွေ ပါတယ်။ အရည်အသွေးကောင်းတဲ့ နည်းပြတွေ၊ ထရိန်နာတွေ၊ Program ကောင်းတွေ ပေါ်ထွက်လာဖို့ ရည်ရွယ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
ဓာတ်ပုံ - အလုပ်သမား ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားနေစဉ်
Eleven Media Group
ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက မတ်လ ၇ ရက်နေ့က သိပ္ပံနှင့် နည်းပညာ သုသေသန ဦးစီးဌာနတွင် ကျင်းပသော Introduction to Modular Competency-based Curriculum Design and Development Training Program သင်တန်းဖွင့်ပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ လုပ်သားများကို အာဆီယံအဆင့်မီ ကျွမ်းကျင်လုပ်သားများ
ဖြစ်လာစေရန်အတွက် စင်္ကာပူနိုင်ငံမှTemasek Foundation (Singapore), Singapore Polytechnic, ITEES တို့နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းပြီး လုပ်သားထု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်း ၄ မျိုး၊ သင်တန်းအစီအစဉ် ၇ ရပ်အား စီမံကိန်းကာလ နှစ်နှစ်အတွင်း အကောင်ထည်ဖော်သွားမည်ဖြစ်ကြောင်
''ကျွန်တော်တို့နိုင်ငံမှာ လုပ်သားထုက ၆ဝ ရာခိုင်နှုန်း ရှိတယ်။ ကျွန်တော်တို့နိုင်ငံကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု