ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်၌ ရခိုင်နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့များအပြင် အခြားတိုင်းရင်းသား အဖွဲ့များကိုပါ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေရန် ဖိတ်ခေါ်မည်

ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်၌ ရခိုင်နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့များအပြင် အခြားတိုင်းရင်းသား အဖွဲ့များကိုပါ ပါဝင်ယှဉ်ပြိုင်
ဖျော်ဖြေရန် ဖိတ်ခေါ်မည်
Friday, March 8, 2013

ယခုနှစ် ရန်ကုန်မြို့တော် သင်္ကြန်တွင် ယခင်နှစ်များက ပါဝင်ဖျော်ဖြေခဲ့သည့် ရခိုင်နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့များအပြင် အခြားတိုင်းရင်းသား အကအဖွဲ့များ ကိုပါ ပါဝင်ယှဉ်ပြိုင် ဖျော်ဖြေရန် ဖိတ်ခေါ်သွားမည်
ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

အဆိုပါ အကအဖွဲ့များကို ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်၊ ယခုနှစ်မှ စတင်မဏ္ဍပ်ထိုးသည့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ မဏ္ဍပ်များ စသည်တို့တွင် ဖျော်ဖြေယှဉ်ပြိုင်စေမည်ဖြစ်ပြီး ဆုချီးမြှင့်မည့် အစီအစဉ်များကိုပါ ပြုလုပ်ပေးသွားမည်ဟု သိရသည်။

အခြားတိုင်းရင်းသား အကအဖွဲ့များကို ဖိတ်ခေါ်ရန်အတွက် အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ်မှ တိုင်းရင်သားများကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ် ရန်ကုန်သင်္ကြန်တွင် ရခိုင်တိုင်းရင်းသား အကအဖွဲ့ (၃) ဖွဲ့နှင့် ကရင်တိုင်းရင်းသား အကအဖွဲ့ (၃) ဖွဲ့တို့ ပါဝင်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ယခုနှစ် တိုင်းရင်းသား အကအဖွဲ့များအား ဖိတ်ခေါ်မည့်အပြင် ပုဂ္ဂလိက ရေကစား မဏ္ဍပ်များတွင်လည်း မြန်မာ့ရိုးရာ သင်္ကြန်ယိမ်း အဖွဲ့များ မဖြစ်မနေ ထည့်သွင်းရေးကိုလည်း စီစဉ်သွားမည် ဖြစ်ကြောင်း၊ ထို့ပြင် ၀တ်စားဆင်ယင်မှု အပိုင်းကိုလည်း ပိုမိုထိန်းသိမ်း သွားမည်ဖြစ်ကာ အနုပညာရှင်များ အနေဖြင့်လည်း မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုများဖြင့် ပါဝင်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

ဓာတ်ပုံ - ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်သင်္ကြန်က ရန်ကုန်မြို့  တော်ဝန်မဏ္ဍပ်တွင် ကရင်တိုင်းရင်းသားအကအဖွဲ့ များဖျော်ဖြေခဲ့စဉ်

Eleven Media Group

SHARE THIS
Previous Post
Next Post