တရားမ၀င်ရွှေတူးဖော်သည့် တရုတ်နိုင်ငံသားများအား လ၀ကမှ အရေးယူရန်စီစဉ်

ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းမှရှိသည့် ဂျာဝမ်ရွှေမှော်နှင့် ချောင်းဆုံရွှေမှော် အတွင်းမှာ တရုတ်နိုင်ငံမှ တရားမ၀င် လာရောက်ရွှေတူးဖော်နေသူများကို အစိုးရတပ် တစ်ခုမှဖမ်းဆီး ဖော်ထုတ်ပြီး လ၀က မှအရေးယူမှုပြုလုပ်ရန် စီစဉ် ဆောင်ရွက်နေကြောင်းသိရှိရပါသည်။
ဂျာဝမ်ရွှေမှော်နှင့် ချောင်းဆုံရွှေမှော်အတွင်း မှာရှိသည့် ရွှေတွင်းများတွင် တရုတ် နိုင်ငံသားများအနေဖြင့်တရားဝင်နိုင်ငံကူးလက်မှတ်များပါရှိခြင်းမရှိဘဲ ရွှေလုပ်ငန်းများကို တရားမ၀င်တူးဖော်နေကြောင်း၊ နိုင်ငံကူးလက်မှတ်ပါရှိသည့် သူများသည်လည်း သက်မှတ် ရက်ကျော်လွန်နေကြာင်း အစိုးရတပ်မှ စစ်ဆေးတွေ့ရှိရ၍ တနိုင်း မြို့နယ် လ၀က သို့ မတ်လ ၁၂ရက်နေ့တွင် လွဲပြောင်းခဲ့ကြောင်းသိရှိရပါသည်။
ရွှေမှော်များမှ တွေ့ရှိသော တရုတ်နိုင်ငံသားများမှာ ၆၃ဦးနှင့် မ ၁ဦး ပေါင်း ၆၄ ဦးပြီး ကျား၄၃ဦးမှာ နိုင်ငံကူး လက်မှတ်ခွင့်ပြုရက် ထက်ကျော်လွန်နေသူများဖြစ်သည်။ ကျန် ၂၁ဦးမှာ လုံးဝ နိုင်ငံကူးလက်မှတ် လုံးဝမပါ ရှိကြောင်း သိရှိရသည်။
လ၀ကမှ မည့်သည့်အပြစ်ဒဏ်ပေးမည်ဆိုတာ မသိရကြောင်း၊ တရားမ၀င် ၀င်ရောက်မှုနှင့် ခွင့်ပြုချက်မရှိ ရွှေတူးဖော်မှုအတွက် ငွေဒဏ်နှင့် ထောင်ဒဏ်များ ပေးနိုင်ကြောင်း လ၀က မှ တရားမ၀င် ၀င်ရောက်သူများကို ပြင်းပြင်း ထန်ထန် အပြစ်ပေးလေ့ရှိကြောင်း သိရှိရပါသည်။
Kachin Daily News

*********************************************

မတ် ၁၉ ရက်၊ ၂၀၁၃

SHARE THIS
Previous Post
Next Post