မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု
ပြုလုပ်ခဲ့ပြီး နောက်ပိုင်း တင်းမာမှုများ မြင့်တက် နေစဉ်တွင် အမေရိကန်နှင့်
တောင်ကိုရီးယား နှစ်နိုင်ငံတို့သည် နှစ်စဉ် ပူးတွဲ စစ်ရေး လေ့ကျင့်မှု
တစ်ရပ်ကို စတင်ရန် အတွက် အမေရိကန် တပ်ဖွဲ့ဝင်များ တောင်ကိုရီးယား
နိုင်ငံသို့ မတ် ၁ ရက်က ရောက်ရှိ လာခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရ
သည်။ Foal Eagle ဟု အမည် ပေးထားသည့် အဆိုပါ စစ်ရေး လေ့ကျင့်မှုတွင် ဝေဟင်၊
မြေပြင်နှင့် ရေပြင် ပူးပေါင်း စစ်ရေး လေ့ကျင့် မှုများ ပါဝင်ပြီး ဧပြီ ၃ဝ
ရက် ထိတိုင်အောင် လုပ်ဆောင်သွား မည် ဖြစ်သည်။ ထို လေ့ကျင့်မှုတွင်
တောင်ကိုရီးယား တပ်ဖွဲ့ဝင် အရေအတွက် အများအပြားနှင့် အတူ အမေရိကန်
တပ်ဖွဲ့ဝင် ၁ဝဝဝဝ ကျော် ပါဝင်မည်ဟု သိရသည်။ စစ်ရေး လေ့ကျင့်မှုကို
လုပ်ဆောင်ရန် အတွက် အမေရိကန်၊ ပစိဖိတ် ဒေသနှင့် ဂျပန် နိုင်ငံရှိ
စစ်အခြေစိုက် စခန်းများမှ အမေရိ ကန် စစ်ကူ တပ်ဖွဲ့ ဝင်များသည်
တောင်ကိုရီးယား နိုင်ငံသို့ ထွက်ခွာ ခဲ့ကြကြောင်း စစ်ဘက် ဆိုင်ရာ တာဝန်
ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍
ယွန်ဟပ် သတင်း ဌာနက ပြောကြားခဲ့သည်။ အလားတူပင် အမေရိကန်နှင့်
တောင်ကိုရီးယား တပ်ဖွဲ့ဝင်များသည် Key Resolve ဟု အမည် ပေးထားသော
ကွန်ပျူတာဖြင့် ဖန်တီးထားသော စစ်ရေး လေ့ကျင့်မှုကို မတ် ၁၁ ရက်မှ ၂၁ ရက်ထိ
လုပ်ဆောင်သွားမည် ဖြစ်ပြီး အမေရိကန် တပ်ဖွဲ့ဝင် ၃၅ဝဝ ဦးနှင့်
တောင်ကိုရီးယား တပ်ဖွဲ့ ဝင် ဦးရေ ၁ဝဝဝဝ တို့ ပါဝင် လေ့ကျင့်သွားမည်
ဖြစ်သည်။ မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ စစ်ရေး လေ့ကျင့်မှုများကို
မကြာသေးမီ သီတင်းပတ်များက လုပ်ဆောင်လျက် ရှိပြီး ယခင် လေ့ ကျင့်မှုများ ထက်
ပိုမို ပြင်းထန်စွာ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး
ဌာနမှ ပြောရေး ဆိုခွင့်ရှိသူ ကင်မင်းဆော့ခ်က ဖေဖော်ဝါရီ ၂၈ ရက်က
ပြောကြားခဲ့သည်။ ၁၉၅ဝ- ၁၉၅၃ ခုနှစ် ကိုရီးယား စစ်ပွဲများ ပြီးဆုံးချိန်မှ
စ၍ တောင်ကိုရီးယား နိုင်ငံတွင် အမေရိကန် တပ်ဖွဲ့ဝင်များ ထားရှိပြီး ယခု
လက်ရှိ တွင် အမေရိကန် တပ်ဖွဲ့ဝင် အရေအတွက် ၂၈၅ဝဝ ဦးခန့် ရှိကြောင်း သိရသည်။
Author: မာရုသူရ
Related Posts
Some simillar article from this label, you might also like
- Blog Comments
- Facebook Comments
Subscribe to:
Post Comments (Atom)
