Monday, March 4, 2013
မိုဘိုင်းဖုန်းလောကတွင် တစ်ချိန်က ရှေ့ဆုံး၌ရှိနေခဲ့သော နိုကီရာသည် တန်ဖိုးနည်း မိုဘိုင်းဖုန်းဈေးကွက်ကို ပစ်မှတ်ထားသည့်အနေဖြင့် ၁၃ ပေါင်တန် မိုဘိုင်းဖုန်းများကို ရောင်းချသွားရန် ပြင်ဆင်နေသည်။
နိုကီရာ၏ Nokia 105 ဖုန်းသည် ရောင်စုံမျက်နှာပြင်ပါရှိပြီး တစ်ကြိမ် အားသွင်းပြီးလျှင် ၃၅ ရက်ထိ အသုံးပြုနိုင်မည်ဖြစ်သည်။
လျှပ်စစ်ဓာတ်အားရှားပါးသော ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ်ထားသည့် ယင်းဖုန်းသည် ၁ ဒသမ ၄၅ လက်မရှိ မျက်နှာပြင်ရှိပြီး အရန်ဖုန်းအနေဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
Nokia 105 ဖုန်းသည် နိုကီရာဖုန်းများထဲတွင် ဈေးအချိုဆုံးဖုန်းဖြစ်ပြီး ဖုန်းနှင့်သတင်းတို ပေးပို့မှုများအတွက်သာမက FM နှင့် အခြားအသုံးဝင်မှု
များလည်း ပါဝင်မည်ဖြစ်သည်။
နိုကီရာသည် စပိန်နိုင်ငံ၊ ဘာစီလိုနာတွင် ကျင်းပခဲ့သော Mobile World Congress ၌ ပေါင် ၁၂၀ ဖြင့် ရောင်းချမည့် Lumia 520 ဖုန်း အပါအ၀င် အခြားတန်ဖိုးနည်းဖုန်း သုံးမျိုးကိုလည်း ပြသခဲ့သည်။
WindowsPhone 8 ဖုန်းများထဲတွင် ဈေးအချိုဆုံးဖုန်းဖြစ်သော
Lumia 520 ဖုန်းကို ယခုလအတွင်း ဟောင်ကောင်နှင့် ဗီယက်နမ်တို့တွင် ပထမဆုံး ရောင်းချမည်ဖြစ်သည်။
နိုကီရာသည် ၂၁၄ ဒသမ ၄၅ ပေါင် ( ၃၃၀ ဒေါ်လာ) ဖြင့် ရောင်းချမည့် Lumia 720 ဖုန်းကိုလည်း မိတ်ဆက်ခဲ့သည်။
ဖွံ့ဖြိုးဆဲဈေးကွက်များတွင် ဈေးကွက်တိုးချဲ့နေသော နိုကီရာသည် မိုက်ခရိုဆော့ဖ်၏ WindowsPhone 8 ဖုန်းများကို ဆက်တိုက်
ထုတ်လုပ်နေပြီးယမန်နှစ်နောက်ဆုံ
၎ ဒသမ ၄ သန်း ရောင်းချခဲ့ရသည်။
Ref:AFP;DailyMail
Eleven Media Group