အရည်အချင်း ပြည့်ဝသော တိရစ္ဆာန် ဆေးကု ပညာရှင်များ ပေါ်ထွန်းရေး မွေးမြူ ထုတ်လုပ်ရေး ဒီပလိုမာ သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန သင်တန်း ခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီက ကျင်းပသော မွေးမြူ ထုတ်လုပ်ရေး ဒီပလိုမာ သင်တန်း ဖွင့်ပွဲတွင် မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က နိုင်ငံ တစ်ဝန်းရှိ မွေးမြူရေးနှင့် သားငါး ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ၌

စိမ့်ဝင်ဆောင်ရွက် နိုင်ရန်၊ မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ပြည်သူများ၏ လူမှုဘဝ နယ်ပယ်အတွင်း ဝင်ရောက် ဆောင်ရွက် နိုင်စေရန်နှင့် အရည်အချင်း ပြည့်ဝသည့် တိရစ္ဆာန် ဆေးကု ပညာရှင်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်ကာ ယခုကဲ့သို့ မွေးမြူ ထုတ်လုပ်ရေး ဒီပလိုမာ (Diploma in Livestock Production and Aquaculture Dip.LPA) သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ ဒီပလိုမာ သင်တန်းကို မွေးမြူရေး ဆိုင်ရာ ဆေးတက္ကသိုလ် (ရေဆင်း)နှင့် ရန်ကုန်တိုင်း ဒေသကြီး မွေးမြူရေးနှင့် ကုသရေး ဦးစီး ဌာနတို့တွင် တစ်ပြိုင်နက် ဖွင့်လှစ်ပြီး သင်တန်း ပြီးဆုံးပါက Diploma in Livestock Production and Aquaculture Dip.LPA လက်မှတ် ချီးမြှင့်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
မြ၀တီ

http://bit.ly/10dd1IY

SHARE THIS
Previous Post
Next Post