KNU နဲ့ အစိုးရ သထုံမှာ တွေ့ဖို့ ရှိ

Tuesday, March 5, 2013

အပစ်အခတ် ရပ်စဲရေး ဆိုင်ရာတွေနဲ့ ပတ်သက်ပြီး ကရင် အမျိုးသား
အစည်းအရုံး (KNU) ခေါင်းဆောင်တွေ က အစိုးရအရာရှိတွေနဲ့
ဒီကနေ့ သထုံမြို့မှာ အလွတ် သဘော တွေ့ဆုံဆွေးနွေးမယ်လို့
သိရပါ တယ်။

ယနေ့ မတ်လ ၅ ရက်နေ့မှာတော့ မွန်ပြည်နယ် သထုံမြို့နယ်
နောင်ဘိုကျေးရွာတွင် KNU ဆက်ဆံ ရေးရုံး ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ KNU ခေါင်းဆောင်တွေနဲ့ အစိုးရဘက်က အရာရှိတွေ
တွေ့ဆုံ မှာဖြစ်တယ်လို့ ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ KNU က သတင်း ထုတ်ပြန်ထားခဲ့ပါတယ်။

ထုတ်ပြန်ချက် အရ ဆက်ဆံရေးရုံး ဖွင့်ပွဲ အခမ်းအနားကို KNU ဥက္ကဌ စောမူတူး စေးဖိုး ဦးဆောင်တဲ့ အဖွဲ့ဝင် ၇ ဦး လိုက်ပါသွားကြောင်း သိရှိရပါတယ်။

၂၀၁၂ ခု နှစ်ဆန်းပိုင်းက KNU အဖွဲ့ဟာ အစိုးရနှင့် အပစ် အခတ် ရပ်စဲထားပြီး ဗဟို ဆက်ဆံရေး ရုံး ၂ နေရာ နှင့် ခရိုင် အဆင့် ဆက်ဆံရေးရုံး ၁၂ နေရာ တို့ကို ဖွင့်လှစ်ရန် ပဏာမ သဘော တူညီမှု ရရှိ ထားပါတယ်။

ဧရာဝတီ

SHARE THIS