ဒုတိယသမ္မတ ဦးဥာဏ်ထွန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Sergey K. SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် မတ် ၎

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတဦးဥာဏ်ထွန်းသည် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Sergey K. SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။ 

ထိုသို့တွေ့ဆုံရာတွင် ဒုတိယသမ္မတဦးဥာဏ်ထွန်းနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဗိုလ်ချုပ်ကြီးလှဌေးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်အောင်သော်၊ နိုင်ငံခြားရေး ဝန်ကြီှးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်၊ နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး၊ ဗိုလ်ချုပ်ကြီး Sergey K. SHOIGU ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Vasiliy B. POSPELOV လည်း တက်ရောက်သည်။ 

ထိုသို့လက်ခံတွေ့ဆုံရာ၌ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခိုင်မာရေး၊ ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုများ တိုးတက်ခိုင်မာရေး ကိစ္စရပ်များကို နှစ်ဦးနှစ်ဖက် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြသည်။

နေပြည်တော် မတ်

from ; မြ၀တီ

SHARE THIS