Wednesday, April 10, 2013
ကင်ညာနိုင်ငံ၏ အငယ်ဆုံး သမ္မတ ဖြစ်လာသူအူရု ကင်ညက်တာ (၅၁ နှစ်) သည် ဧပြီလ ၉ ရက်တွင် နိုင်ငံများစွာတို့မှ ခေါင်းဆောင်များနှင့်ထင်ရှားသည့် အမေရိကန် လူ့အခွင့်အရေး လှုပ်ရှားသူ ဂျက်ဆီဂျက်ဆင်တို့ အပါအ၀င် လူပေါင်းများစွာတို့၏ ရှေ့မှောက်တွင် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကာလကြာရှည်စွာ အငြင်းပွားမှု ဖြစ်ပွားခဲ့ရာ ကင်ညာအထက်တရားရုံး၏ အဆုံးအဖြတ်ကိုပင် ခံယူခဲ့ရပြီးနောက် ကင်ညက်တာသည် ကင်ညာနိုင်ငံ၏
စတုတ္ထမြောက် သမ္မတ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ကင်ညက်တာ၏ ကျမ်းသစ္စာ ကျိန်ဆိုမှုအား ကြည့်ရှုရန်အတွက် သောင်းနှင့်ချီသော လူအုပ်ကြီး
သည် နိုင်ရိုဘီ အားကစားရုံအတွင်း ပြည့်ကျပ်နေခဲ့သည်။
အမေရိကန်သမ္မတလောင်း အဖြစ်
ရွေးကောက်ပွဲဝင်ခဲ့ဖူးသူဂျက်ဆီဂျက်ဆင
်သည်မိမိသဘော ဆန္ဒအလျောက် ယင်းကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ကင်ညာနိုင်ငံကို ထူထောင်ခဲ့သည့် ပထမဆုံးသမ္မတ၏ သားဖြစ်သူ ကင်ညက်တာ၏ အဓိက ပြိုင်ဘက်မှာ ပထမဆုံး ဒုတိယသမ္မတ၏ သားဖြစ်သူ အော်ဒင်ဂါဖြစ်ပြီး ရွေးကောက်ပွဲတွင် ကင်
ညက်တာက မဲ ၅၀ ဒသမ ၀၇ ရာခိုင်နှုန်းနှင့် အော်ဒင်ဂါက ၄၃ ဒသမ ၃၁ ရာခိုင် နှုန်း ရရှိခဲ့သည်။
အော်ဒင်ဂါက ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်ပြီး အမှားများ ရှိခဲ့ကြောင်း စောဒက တက်ခဲ့ရာမှ တရားရုံး၏ ဆုံးဖြတ်မှု ခံယူခဲ့ရခြင်း ဖြစ်သည်။
Ref: CNN
EMG
