စင်ကာပူ ကုမ္ပဏီများ မြန်မာဆောက်လုပ် ရေး ကဏ္ဍ၌ ပါဝင် လုပ်ကိုင်မည်


Monday ,April22 ,2013
စင်ကာပူ ကုမ္ပဏီများက မြန်မာ နိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ရန် အစီအစဉ်များ ရှိကြောင်း သိရ သည်။
ရန်ကုန်မြို့ အပြင်ဘက် ပဲခူးမြစ်ကမ်း အနီး အိမ်ခန်းပေါင်း ၄၉၈၀ ပါဝင်မည်ဖြစ်သော အိမ်ရာ စီမံကိန်းကို အမေရိကန် ဒေါ်လာ ၇၄ သန်းအကုန်အကျခံ၍စင်ကာပူကုမ္ပဏီတခုက တည်ဆောက်ရန် စီစဉ်နေကြောင်း စင်ကာပူ နိုင်ငံမှBouygues Construction ၏ ထုတ်ပြန်ချက်ကိုကိုးကား၍ ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ဖော်ပြထား
သည်။

ထို့အပြင် စက်မှုလုပ် ငန်း၊ ဆေးရုံ လုပ်ငန်း၊ ဆက်သွယ်ရေး လုပ်ငန်းများတွင်လည်း အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် စင်ကာပူ ကုမ္ပဏီများနှင့် နား လည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးထားကြောင်းလည်း ပါရှိသည်။
ဧရာဝတီ

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post