Saturday, April 6, 2013
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အစိုးရသည် စီးပွားရေး ပြုပြင်
ပြောင်း လဲရေး အတွက် တန်းတူ ယှဉ်ပြိုင်ခွင့်နှင့် ရင်းနှီးမြှုပ်နှံမှု အတွက် အခြေခံ ကောင်း များ ဖန်တီး ပေးထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ချိတ်ဆက်ကာ ဈေးကွက် စီးပွား ရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်ရေး ကြိုးပမ်း
ဆောင်ရွက်လျက် ရှိသည်။
ရင်းနှီး မြှုပ်နှံမှုနှင့် နည်းပညာများ စီးဝင် လာရေး မျှော်မှန်းချက်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ နှင့် အထူး စီးပွားရေးဇုန် ဥပဒေများ ပြဋ္ဌာန်းကာ ရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်လျက် ရှိရာ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံ လိုသူ အများ အပြား ရှိလာပြီ ဖြစ်သည်။
အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံအတွင်း ဝင်ရောက် လာကြသူများ အတွက် ပြည်ဝင် ဗီဇာလွယ်ကူ ချောမွေ့စွာ ထုတ်ပေး နိုင်ရေးသည် အရေးပါသော လုပ်ငန်း တစ်ရပ် ဖြစ် သည်။
လက်ရှိ ဆောင်ရွက် နေသော ပြည်ဝင် ဗီဇာ စနစ်အရ မြန်မာနိုင်ငံ အ
တွင်း ဝင်ရောက် လိုသူ များအား ကမ္ဘာလှည့် ဗီဇာ၊ လုပ်ငန်း ဗီဇာ၊ ပြည်
ဝင် ဗီဇာ၊ ဖြတ်သန်းဗီဇာ၊ သံတမန်ဗီဇာ၊ အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ
ဟူ၍ ဗီဇာ ခြောက်မျိုးဖြင့် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အပြည်ပြည် ဆိုင်ရာ ရေ ဆိပ်နှင့် နယ်စပ် ဝင်ပေါက် များမှ ဝင်/ထွက်ခွင့် ပြုလျက် ရှိ
သည်။
အပြည်ပြည်ဆိုင်ရာ လေဆိပ်များမှ ဝင်/ထွက်ရာ ပိုမို လျင်မြန် စေရန် စစ်ဆေးရေး ကောင်တာများ တိုးချဲ့ ဆောင်ရွက်လျက် ရှိ သည်။ နိုင် ငံတော် စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုကို အထောက် အကူပြုနိုင်ရေး အတွက် ကနဦး အဆင့် အဖြစ် လုပ်ငန်းဗီဇာ၊ ဖြတ်သန်း ဗီဇာနှင့် ပြည်ဝင် ဗီဇာ သုံးမျိုးအား ၂ဝ၁၂ ခုနှစ် ဇွန် ၁ ရက်မှစ၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နိုဝင် ဘာ ၁ ရက်မှစ၍ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် တို့တွင် နိုင်ငံ ၂၇
နိုင်ငံမှ လာရောက်သူ များအား ဆိုက်ရောက် ဗီဇာစနစ် သစ်ဖြင့် ဝင်ခွင့်
ပြုခဲ့ရာမှ ယခုအခါ နိုင်ငံပေါင်း ၅ဝ ကို ဆိုက်ရောက် ဗီဇာ စနစ်သစ်ဖြင့် ခွင့်ပြု ထားပြီ ဖြစ်သည်။
ယခု အချိန်၌ မြန်မာ နိုင်ငံသို့ ဖိတ်ခေါ် ဧည့်သည်တော်များ၊ စီးပွားရေးလုပ်
ငန်း လုပ်ကိုင်ရန် လာရောက် သူများ၊ သံတမန်နှင့် အဖွဲ့ အစည်း များမှ ပုဂ္ဂိုလ်များ၊ ကမ္ဘာလှည့် ခရီး သည်များ စသည်ဖြင့် နိုင်ငံခြားသား အများ အပြား ဝင်ရောက်လျက် ရှိရာ နေ့စဉ်ဝင်/ ထွက်မှုမှာ နိုင်ငံခြားသား ဦးရေ ၂ဝဝဝ ခန့် ရှိသည်။ အဆိုပါ နိုင်ငံခြားသား များ၏ လုံခြုံရေး အတွက် တရားဥပဒေနှင့် အညီ ကြီးကြပ် ထိန်းသိမ်း စောင့်ရှောက် သွားနိုင်ရေး အတွက် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော နိုင်ငံခြားသား ကြီးကြပ် ထိန်းသိမ်း စောင့်ရှောက်ရေး ကော်
မတီ ဖွဲ့စည်း ဆောင်ရွက်လျက် ရှိသည်။
သို့ဖြစ်ရာ မြန်မာ နိုင်ငံသို့ လာရောက် ကြသည့် ပြည်ပ ဧည့်သည်များ အတွက် လေ့လာ ကြည့်ရှု စရာ သမိုင်း အထောက် အထား ရှေးဟောင်း အမွေ အနှစ် များနှင့် သဘာဝ အလှ ရှုမျှော် ခင်းများ၊ ဂေဟ စနစ် များနှင့် ဇီဝမျိုးစုံ မျိုးကွဲ များကို စနစ်တကျ ထိန်းသိမ်း ကာကွယ် ကြခြင်းဖြင့်
နိုင်ငံတော် အတွက် နိုင်ငံခြားငွေ ရရှိ နိုင်ခြင်း၊ ထိုဒေသ များရှိ ဒေ
သခံ ပြည်သူတို့ အတွက် အလုပ်အကိုင် အခွင့် အလမ်း ရရှိကာ တစ်ဦး
ချင်း ဝင်ငွေ တိုးတက် ရရှိစေခြင်း စသည့် ကောင်းကျိုးများ ရရှိ စေနိုင်
မည် ဖြစ်ရကား ပြည်ပ ဧည့်သည်များ အဆင်ပြေ စိတ်ချမ်းသာစွာ ဝင်ထွက် သွားလာနိုင်ရေး ဝိုင်းဝန်း ဆောင်ရွက် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။
Myawady News