သျှစ်သောင်းပွဲတော်အား အစဉ်လာမပျက် ကျင်းပမည်

မြောက်ဦးမြို့ တွင်သျှစ်သောင်း ထုက္ကန် အံတော် ဘုရားပွဲတောာ်များကိုလာမည့် ၂၄း၅း၂၀၁၃နေ့မှ၂၈း၅း၂၀၁၃ နေ့ထိ ၅ ရက်တိုင်တိုင်စည်ကားသိုက်မြိုက်စွာဖြင့်
ကျင်းပမည်ဖြစ်ကြောင်းဘုရားပွဲကျင်းပရေးကော်မတီများထံမှသိရှိရသည်။

ယခင်နှစ်တွေတုန်းကဆိုရင်ဘုရားပွဲကို ဂေါပကလူကြီးများမှဦးဆောင်ပြီးတော့ကျင်းပခဲ့ကြသည်။ယခုနှစ်တွင်မူအခြေနေအ
ကြောင်းအမျိုးမျိုးကြောင့် မြောက်ဦးမြို့ရှိ လုပ်ငန်းရှင်အဖွဲ့စည်းများနှင့်တက်ကြွသောလူငယ်များမှဦးဆောင်ပြီးကျင်းပကြမည်ဖြစ်သည်။

ထို့ပြင်ထူးခြားချက်အနေနှင့်ဘုရားပွဲတွင်
ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ယခင်နှစ်တွေတုန်းက ပထမဆုကို ၂သိန်းခွဲပတ်ဝန်းကျင်ချီးမြှင့်နေရာမှ ယခုနှစ်တွင် ပထမဆုကို ၇ သိန်းကျပ် ဒုတိယဆုကို ၄ သိန်းကျပ် တတိယဆုကို ၃
သိန်းကျပ်နှင့် စတုတ္ထဆုကို ၂သိန်းကျပ်တိတိ
ဆုချီးမြှင့်မည်ဟု သိရှိရပါသည်။
ယခုအချိန်ထိပြိုင်ပွဲဝင်မည့်ဘောလုံးအသင်းပေါင်း ၅၂သင်းလာရောက်စာရင်းသွင်း
ထားကြပြီဟုသိရှိရပါသည်။
ရခိုင်ရိုးရာပြိုင်လောင်းပွဲတော်နှင့် ရိုးရာကျင်ပွဲကိုလည်းဆုကြေးများကိုထိုက်ထိုက်တန်တန်ချီးမြှင့်သွားမည်ဟုသိရှိရပါ
သည်။
ဆုကြေးငွေအတိကျကိုတော့မသိရှိရသေး
ပါ။ဘောလုံးပွဲဆုကြေးငွေကို မြို့ပေါ်ရှိလုပ်ငန်းရှင်များနှင့်စေတနာရှင်များကလည်းကောင်းရိုးရာကျင်ပွဲကိုပန်းထိမ်
လုပ်ငန်းရှင်များနှင့်စေတနာရှင်များမှလည်းကောင်း ရိုးရာပြိုင်လောင်းပြိုင်ပွဲကို မြောက်ဦးမြို့ရှိပညာရေးဝန်ထမ်းများ
ကလည်းကောင်းအသီးသီးဆုချီးမြှင့်သွားကြမည်ဟုသိရှိရပါသည်။

အောင်စိုးမြင့်(မြောက်ဦး)

-လေးမြို့ သတင်းမီဒီယာ-

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post