ဘင်္ဂလားဒေ့ရှ်မှ ရခိုင်များနှင့်မြိုလူမျိုးများ ဆက်လက်ဝင်ရောက်လျက်ရှိနေသော် လည်း စားဝတ်နေရေး အခက်အခဲရှိနေ

မေလ အတွင်းကရခိုင်ပြည်နယ်မြောက်ပိုင်း၊
မောင်းတောမြို့နယ်၊ ဝေလာတောင်ကျေးရွာ
နှင့် နန်းရာကိုင်းကျေးရွာများသို့ ရခိုင်တိုင်းရင်းသား မိသားစု ၁၁ စုနှင့် မြို့ တိုင်းရင်းသား မိသားစု ၁၀ စုတို့ ၀င်ရောက်လာခဲ့သော်လည်း ယနေ့ အထိ စားဝတ်နေရေးမှာ အခက်အခဲများနှင့်
ရင်ဆိုင်နေရကြောင်းလည်းသိရ သည်။
ထိုသို့ခက်ခဲရခြင်းမှာပံ့ပိုးကူညီမှုနည်းပါးခြင်း
ကြောင့်ဖြစ်ပြီး မြန်မာဘက် သို့ ရွှေ့ပြောင်း
ပြေးလာသူများမှာယင်းသို့အခက်အခဲများကို ရင်ဆိုင် နေ ရခြင်းသည် အားကိုးရာမဲ့ဖြစ်နေသော လူများအားကူညီမှု နည်းပါးခြင်းကြောင့်ဖြစ်
သည်ဟုလည်း ဒေသခံများက ပြောသည်။
ထို့အပြင် ရခိုင်ပြည်နယ်သို့ ၀င်ရောက်လာသော မြို လူမျိုးမိသားစု ဆယ်စု သည် နန်းရာကိုင်းကျေးရွာသို့ ရောက်ရှိနေပြီး ပထမဆုံးသော မြို မိ
သား စုများပြောင်းရွှေ့ခိုလှုံလာခြင်းဖြစ်သည်
ဟုလည်း ယင်းဒေသမှ ဒေသခံများ ၏အဆိုအရသိရှိရပါသည်
ထိုသို့ မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်လာသူများကို နွေးထွေးစွာ ကြိုဆို ရန် လိုအပ်မှုများရှိနေကြောင်းလည်း သိရသည်။ကုလားများ၏ရန်ကိုကြောက်ရွံ့သဖြင့် တိမ်းရှောင်ထွက်ပြေးလာခဲ့သော မြို လူမျိုးနှင့် ရခိုင်တိုင်းရင်းသားမိသားစုများ၏ စားဝတ်နေရေးနှင့်ပတ်သက် ပြီး အစိုးရမှလည်းတာဝန်ယူရမည်ဖြစ်သကဲ့သို့ ရခိုင်တိုင်းရင်းသားများက လည်း တာဝန်ယူသင့်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြပါသည်။

From RSV

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post