Sunday ,April 07, 2013
နွေဦးရာသီပူပြင်းချောက်သွေ့လာသည်နှင့်အမျှ မကြာခဏမီးလောင်ကျွမ်း
မှုဖြစ်စဉ်များလည်း ဓမ္မတာအတိုင်း ပေါ်ပေါက်လာတတ်ရာ ဘေးပတ်ဝန်ကျင်အားကူးဆက်ပြန့်ပွားမှုမရှိစေရန်နှင့် အချိန်မီ မီးငြိမ်းသတ်နိုင်ရန် စိတ်ကောင်းစေတနာအရင်ခံထား၍ မီးသတ်တပ်ဖွဲ့ဝင်များမှသက်စွန့်ဆံဖျား မီးငြိမ်းသတ်ခဲ့ရာ ယခုလ (၆)ရက်နေ့ ည (၉)နာရီအချိန်ခန့်က မုံရွာမြို့အောင်မင်္ဂလာ ရပ်ကွက် မိတ်ဆက်ဈေးလမ်း(ခေါ်) အောင်မင်္ဂလာအမှတ်(၁)လမ်း နှင့် ပြည်ထောင်စုလမ်းထောင့်ရှိ ကုန်စုံဆိုင် သုံးထပ်တိုက်တစ်လုံး နေအိမ်သုံး
အင်ဗက်တာမှ အပူရှိန်လွန်ကဲပြီး ၀ါယာရှော့ခ်ဖြစ်ခဲ့ရာမှမီးကူးဆက်လောင်
ကျွမ်းခဲ့သော ဖြစ်စဉ်တစ်ရပ်တွင် မီးသတ်
တပ်ဖွဲ့ဝင်တစ်ဦး မီးငြိမ်းသတ်စဉ်ကာလ အတွင် မှန်ကွဲစများ စူးရှခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပီါးလောင်ကျွမ်းမှုဖြစ်စဉ်တွင် နေအိမ်သုံးထပ်တိုက်အဆောက်အဦးဖြစ်ပြီး၊ မြေညီထပ်မှစတင်လောင် ကျွမ်းလျက်ရှိရာ အပေါ်အလွှာထပ်များတွင် အချိန်မီကယ်ဆယ်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နိုင်ရန်အတွက် အလွန်
ခက်ခဲနေချိန်တွင်မီးသတ်တပ်ဖွဲ့ဝင်များသည် အသက်ကိုပဓာနမထားဘဲ မီးလောင်ကျွမ်းလျက်ရှိသော တိုက်၏အ ပြင်ဘက်နံရံမှ စွန့်စွန့်စားစားတွယ်ကပ်၍ အပေါ်အလွှာထပ်များသို့ဝင်ရောက်ရန်တိုက်မှန်တံခါးများ အားရိုက်ခွဲချိုးဖဲ့စဉ် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်း မီးသတ်တပ်ဖွဲ့ဝင်သည် ရရှိဒဏ်ရာအား အလေးမမူနိုင်ဘဲ ဆက်လက်၍ မီးငြိမ်းသတ်ခဲ့ရာဘေးပတ်ဝန်း ကျင်သို့ ကူးဆက်လောင်ကျွမ်းခြင်းမရှိအောင် နိုင်နင်းစွာငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ဒဏ်ရာရ မီးသတ်တပ် ဖွဲ့ဝင် သည် ယခုအခါ ရရှိဒဏ်ရာသည် စိုးရိမ်ရဖွယ်အခြေအနေမဟုတ်တော့ ကြောင်းနှင့် ကျန်းမာစွာနေထိုင်လျက် ရှိကြောင်း မုံရွာမြို့နယ် မီးသတ်ဦးစီးမှုး ဦးကျော်ကျော်နိုင်မှတုန့်ပြန်ပြောကြားသည်။
Monway Time