တည်းခိုခန်း၌ သံဂဟေ ဆော်ရာမှ မီးလောင်

ရန်ကုန် မြောက်ပိုင်းခရိုင် အင်းစိန်မြို့ နယ် အမှတ်(၂၉ဝ) ဘိုကုန်း မင်းကြီးလမ်း ရွာမ အရှေ့ရပ်ကွက်ရှိ လမင်းအိမ် တည်းခိုရိပ်သာ စားသောက်ဆိုင်တွင် ယမန်နေ့ ညနေ ၃ နာရီ မိနစ် ၂ဝ က မီးလောင်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ တည်းခိုခန်း အပေါ်ဆုံးထပ်ရှိ သံပန်း သံတံခါးကို ဂဟေဆော် လုပ်သား သူရဝင်း ၂၅ နှစ် (ဘ)ဦးတင်ဝင်း အမှတ်(၆ဝ) နတ်စင်ကုန်းရွာ သန်လျင် မြို့နယ် နေသူက ဂဟေမီး ဆော်ရာမှ အနီးရှိ ဖော့ဆိုဖာ အဟောင်းများ ပေါ်သို့ မီးပွားများ လွင့်စင်၍ စတင် လောင်ကျွမ်းရခြင်း ဖြစ်ကာ လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ အင်းစိန်မြို့နယ် မီးသတ် ဦးစီးဌာန ဦးစီးမှူး ဦးဇော်ဝင်း၊ မီးသတ်ယာဉ် လေးစီးနှင့် မီးသတ် တပ်ဖွဲ့ဝင် သန္ဓေ ၁၂ ဦး၊ အရန် ၁၅ ဦးနှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်း ဝိုင်းဝန်း ငြှိမ်းသတ်မှုကြောင့် ညနေ ၃ နာရီခွဲတွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်မှုနှင့် ပတ်သက်၍ ဂဟေဆော် လုပ်သား သူရဝင်းအား အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ (ပ)၄၃၇/ ၂ဝ၁၃၊ ပုဒ်မ ၂၈၅ အရ အရေးယူ ဆောင် ရွက် ထားရှိကြောင်း သိရသည်။

http://www.myawady.com.mm/allnews/crimenews/item/12104-2013-04-24-10-33-59

SHARE THIS