ရန်ကုန်မြို့ ၊ ကမာရွတ် မြို့နယ် ၁၀ ရပ်ကွက်
ပန်းဝါလမ်း ရှိ မြန်မာနိုင်ငံသား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ချုပ်ဟောင်း ဦးသန့် နေအိမ်အား ပြုပြင် ထိန်းသိမ်း၍ ဦးသန့်ကို ဂုဏ်ပြုသော အားဖြင့် " ဦးသန့်ပြတိုက် " အဖြစ် ဧပြီလ ၆ ရက်နေ့တွင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖွင့်ပွဲသို့အစိုးရ အဖွဲ့ ပြည်ထောင်စု ၀န်ကြီးများ ဖြစ်သော ဦးစိုးသိန်း ၊ ဦးအောင်မင်း ၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ ၊ ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့် နှင့် ဦးသန့် မိသားစုဝင် များ ၊ နိုင်ငံခြား သံရုံးများ မှ ကိုယ်စားလှယ် များ တက်ရောက် ကြကြောင်း သိရသည်။
ဦးသန့်သည် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်
အထိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေး
မှူး ချုပ်ရာထူး ထမ်းဆောင် ခဲ့ကာ ကမ္ဘာ့ နိုင်ငံ အသီးသီး တို့၏ ပြဿနာ များအား အောင်မြင်စွာ ကိုယ်တွယ် ဖြေရှင်း နိုင်ခဲ့ကြောင်း သိရှိရသည်။
From : မြဝတီ