တောဆင်ရိုင်းတစ်ကောင်မှ ယာယီတဲနှစ်လုံးအား ၀င်ရောက်ဖျက်ဆီး


နေပြည်တော်၊ ဧပြီ ၂၂
၂၁-၄-၂၀၁၃ ရက်နေ့ ၀၀၃၀ အချိန် မန္တလေးတိုင်းဒေသကြီး၊သပိတ်ကျင်းမြို့နယ်၊စမ္ပါယ်နဂိုရ်အုပ်စု၊ကျောက်ခွဲစခန်းမြောက်ဘက်၊ မန္တလေး-ဗန်းမော်ကားလမ်းတွင် ဆောက်လုပ်ရေး လမ်းအလုပ်သမား ဦးမြင့်ဆွေမိသားစုနေထိုင်သည့် ၂
ပင်ပတ်လည် အမြင့် ၁၀ ပေ၊ အကျယ် ၁၅
ပေ၊ သက္ကယ်မိုးထရံကာ ယာယီတဲအား အမြင့်၁၀ ပေ၊ အစွယ် ၂ ပေခန့်ရှိ အညိုရောင် တောဆင်ရိုင်းတစ်ကောင်မှ တဲတွင်းရှိဆန်များစားသောက်ကာ တဲအားဖျက်ဆီးခဲ့သည်။

၀၀၄၀အချိန်တွင်အဆိုပါတောဆင်ရိုင်းသည်
လမ်းအလုပ်သမား ဦးမြင့်မောင် (၄၅)နှစ် မိသားစုနေထိုင်သည့် ၂ ပင်ပတ်လည် အမြင့် ၁၀ ပေ၊ အကျယ် ၁၅ ပေ၊ သက္ကယ်မိုးထရံကာ ယာယီတဲသို့ ထပ်မံရောက်ရှိလာပြီး တဲအနောက်ဘ
က်ထရံအား အစွယ်ဖြင့်ထိုး၍ ဖျက်ဆီးစဉ် ပတ်ဝန်းကျင်ရှိလူများမှအော်ဟစ်မောင်း
ထုတ်သဖြင့် ၁၅ မိနစ်ခန့်အကြာတွင် ကျောက်ခွဲစခန်း အနောက်ဘက် တောထဲသို့ထွက်ခွာသွားကြောင်း
သတင်းရရှိသည်။

ရဲဇာနည်

Published with Blogger-droid v2.0.10

SHARE THIS