နိုင်ငံတော်သမ္မတဦးသိန်းစိန် ICG ငြိမ်းချမ်းရေးဆုရရှိ

အမေရိကန်သမ္မတဟောင်း များဖြစ်ကြသော ဘီလ်ကလင် တန်နှင့် ဂျော့အိတ်ခ်ျဒဗလျူဘုရှ် တို့ရရှိခဲ့သော နိုင်ငံတကာပဋိပက္ခ ဖြေလျော့ရေးမှချီးမြှင့်သည့် ““ငြိမ်း ချမ်းမှုရှာဖွေရေး””ဆုကို ဧပြီလ ၂၂ ရက်နေ့က လက်ခံရရှိခဲ့ ကြောင်း သိရသည်။
နယူးယောက်ခ်၌ ပြလုပ် သော အဆိုပါ ဆုပေးပွဲအခမ်း အနားကို သမ္မတကြီးကိုယ်စား သမ္မတရုံး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆုကို လက်ခံယူခဲ့သည်။ ၎င်းဆု အမည်တင်သွင်းခြင်းအား ပြီးခဲ့ သည့် ဒီဇင်ဘာလက ကြေညာခဲ့ သော်လည်း ကချင်အရေးကိစ္စနှင့် မိတ်္ထီလာအရေးကိစ္စများအတွက် အစိုးရအဖွဲ့မှ ပြုမူလုပ်ဆောင် ချက်များအပေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ပြစ်တင်ပြော ဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
သို့သော် နိုင်ငံတကာ ပဋိပက္ခဖြေလျော့ရေး အုပ်စုဝင် များကြသည့် ဘရက်ဆဲလ်၊ နယူး ယောက်စ်နှင့် ဂျာကာတာတို့မှ ကိုယ်စားလှယ်များကမူ တစ်စုံ တစ်ရာ ဝေဖန်မှုများ မရှိခဲ့ချေ။ အဆိုပါ အုပ်စု၏ ၀က်ဘ်ဆိုဒ်တွင် မူ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သည် နိုင်ငံရေး အတိုက်အခံအဖွဲ့အစည်းများနှင့် ဆက်ဆံမှုပိုမိုကောင်းမွန်လာခြင်း၊ ယခင်ကဖိနှိပ်ထားသော ဥပဒေ များကို ဖြေလျော့ရေးကို ပြုလုပ် ရာ၌ကောင်းစွာအောင်မြင်ခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ခြင်း၊ နိုင်ငံတကာ နှင့်နှစ်ကြာရှည်စွာ ပဋိပက္ခဖြစ် ခြင်းကို အဆုံးသတ်ပေးနိုင်ခြင်း နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ် အခတ်ရပ်စဲရေးတို့ကို ဆောင် ရွက်နိုင်ခဲ့ကြောင်း ဖော်ပြပါရှိ သည်။
Myanmar Evening News

နိုင်ငံတော်သမ္မတဦးသိန်းစိန် ICG ငြိမ်းချမ်းရေးဆုရရှိ
==========================================
Wednesday,April24,2013

အမေရိကန်သမ္မတဟောင်း များဖြစ်ကြသော ဘီလ်ကလင် တန်နှင့် ဂျော့အိတ်ခ်ျဒဗလျူဘုရှ် တို့ရရှိခဲ့သော နိုင်ငံတကာပဋိပက္ခ ဖြေလျော့ရေးမှချီးမြှင့်သည့် ““ငြိမ်း ချမ်းမှုရှာဖွေရေး””ဆုကို ဧပြီလ ၂၂ ရက်နေ့က လက်ခံရရှိခဲ့ ကြောင်း သိရသည်။
နယူးယောက်ခ်၌ ပြလုပ် သော အဆိုပါ ဆုပေးပွဲအခမ်း အနားကို သမ္မတကြီးကိုယ်စား သမ္မတရုံး ၀န်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆုကို လက်ခံယူခဲ့သည်။ ၎င်းဆု အမည်တင်သွင်းခြင်းအား ပြီးခဲ့ သည့် ဒီဇင်ဘာလက ကြေညာခဲ့ သော်လည်း ကချင်အရေးကိစ္စနှင့် မိတ်္ထီလာအရေးကိစ္စများအတွက် အစိုးရအဖွဲ့မှ ပြုမူလုပ်ဆောင် ချက်များအပေါ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့မှ ပြစ်တင်ပြော ဆိုမှုများ ရှိခဲ့ကြောင်း သိရသည်။
သို့သော် နိုင်ငံတကာ ပဋိပက္ခဖြေလျော့ရေး အုပ်စုဝင် များကြသည့် ဘရက်ဆဲလ်၊ နယူး ယောက်စ်နှင့် ဂျာကာတာတို့မှ ကိုယ်စားလှယ်များကမူ တစ်စုံ တစ်ရာ ဝေဖန်မှုများ မရှိခဲ့ချေ။ အဆိုပါ အုပ်စု၏ ၀က်ဘ်ဆိုဒ်တွင် မူ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သည် နိုင်ငံရေး အတိုက်အခံအဖွဲ့အစည်းများနှင့် ဆက်ဆံမှုပိုမိုကောင်းမွန်လာခြင်း၊ ယခင်ကဖိနှိပ်ထားသော ဥပဒေ များကို ဖြေလျော့ရေးကို ပြုလုပ် ရာ၌ကောင်းစွာအောင်မြင်ခဲ့ခြင်း၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးနိုင်ခြင်း၊ နိုင်ငံတကာ နှင့်နှစ်ကြာရှည်စွာ ပဋိပက္ခဖြစ် ခြင်းကို အဆုံးသတ်ပေးနိုင်ခြင်း နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ် အခတ်ရပ်စဲရေးတို့ကို ဆောင် ရွက်နိုင်ခဲ့ကြောင်း ဖော်ပြပါရှိ သည်။

မောင်ယဿ
HotNewsWeekly

SHARE THIS