ရခိုင်တိုင်းရင်းသားများ၏ ခံစားမှုနှင့် လိုလားချက်များကို လုံးဝလျစ်လျူရှုမည် မဟုတ်ဟု နိုင်ငံတော်သမ္မတ ပြောကြား


နိုင်ငံတော်အစိုးရ အနေဖြင့် ရခိုင်တိုင်းရင်း
သားများ၏ ခံစားမှုနှင့် လိုလားချက်များကို
လုံးဝလျစ်လျူရှုထားမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရခိုင်ပဋိပက္ခအစီအရင်ခံစာနှင့် ပတ်သက်၍ ပြည်သူလူထုထံ မေလ ၆ ရက် ညပိုင်းက နိုင်ငံပိုင်ရုပ်သံမှတစ်ဆင့် ပြောကြားလိုက်သည်။ ရခိုင်ပြည်
နယ် ပဋိပက္ခစုံစမ်းရေး ကော်မရှင် အစီအရ
င်ခံစာနှင့် ပတ်သက်၍ ခြုံငုံသုံးသပ်ကြည့်ရာ
တွင် ဘက်ပေါင်းစုံမှ စနစ်တကျ အသေးစိ
တ် လေ့လာသုံးသပ် ပြထားသည်ကို တွေ့ရပ
ါကြောင်းနှင့် လက်တွေ့ကျ ပြည့်စုံကောင်းမ
ွန်သော အစီအရင်ခံစာ တစ်ခု ဖြစ်သည်ဟု
နိုင်ငံတော်သမ္မတကြီးက ပြောကြားသည်။
ရခိုင်ပြည်နယ်၏ ပဋိပက္ခကို နိုင်ငံတော်လုံခြုံ
ရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေ
း အစရှိသော ရှုထောင့်ပေါင်းစုံမှ အစိုးရ၏
မှန်ကန်သော ဦးဆောင်မှုဖြင့် တိကျစွာ ဆေ
ာင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သ
မ္မတက ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်၏ ပြဿနာမှာ လူဦးရေပေါက်ကွဲမှု မြင့်မားသော အိ
မ်နီးချင်းနိုင်ငံနှင့် နယ်နိမိတ်ထိစပ်မှု အပါအ
ဝင် ကိုလိုနီစနစ်ဆိုး၏ အမွေ၊ ဘာသာဝင် နှ
စ်ခုစလုံး၏ စီးပွားရေး နိမ့်ကျခဲ့ရမှုများကြော
င့် တစ်ဖက်နှင့်တစ်ဖက် အမြင်ပုံစံများ ပြော
င်းလဲသွားရာမှ တစ်ဆင့် ဘာသာရေးအမြင်
အဖြစ် ကူးပြောင်းသွားရခြင်း ဖြစ်သည်ဟု
သုံးသပ်မိကြောင်းလည်း ဆိုသည်။ “ကျွန်ေ
တာ့်အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ကိုင်ခ
ွင့်၊ အခွင့်အာဏာများကို အသုံးပြု ဆောင်ရ
ွက်သွားမှာ ဖြစ်သလို ပြည်သူ့ဝန်ထမ်းများ
အနေနဲ့ ဘက်လိုက်မှုမရှိဘဲ ဥပဒေနဲ့အညီ
တိတိကျကျ ဆောင်ရွက်ဖို့ အမိန့်ပေး ညွှန်ကြ
ားထားပြီး ဖြစ်ပါတယ်” ဟု နိုင်ငံတော်သမ
္မတကြီးက ပြောကြားသည်။ စုံစမ်းစစ်ဆေး
ရေး ကော်မရှင်၏ အကြံပြုချက်အရ ပထမ
ဆုံး ဆောင်ရွက်ရမည်မှာ နယ်မြေဒေသ တ
ည်ငြိမ်အေးချမ်းရေးနှင့် ပဋိပက္ခထပ်မံ မဖြစ်
ပွားရေးအတွက် လုံခြုံမှု အစီအမံ ချမှတ်ဆေ
ာင်ရွက်ရေး ဖြစ်ကြောင်း သိရပြီး ပဋိပက္ခမျ
ား ပိုမိုဆိုးရွားမလာစေရန် တရားမဝင် ဆ
က်လက် ဝင်ရောက်လာသူများကို ဟန့်တား
ရေးနှင့် ထိရောက်စွာ အရေးယူခြင်းတို့အ
တွက် လိုအပ်မည်။ လုံခြုံရေးဆိုင်ရာ အစီအ
မံများကို နိုင်ငံတော်က ချမှတ်သွားမည်ဖြစ်ေ
ကြာင်း သိရသည်။ “နိုင်ငံသား ဖြစ်ခွင့်ရှိသူ
များ နိုင်ငံသားဖြစ်ရေး ကိစ္စကိုလည်း ရေတို
ရေရှည် စီမံချက်တွေ ချမှတ်သွားမှာပါ။ ကေ
ာ်မရှင်ရဲ့ အကြံပြုချက်ကို အခြေခံမှာ ဖြစ်သ
လို အခြားသော မတူညီတဲ့ အဖွဲ့အစည်းတေ
ွနဲ့ အကြံပြုချက်တွေကို အလေးထားမှာပါ”
ဟု နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး ပြ
န်လည်ထူထောင်ရေး အစီအမံများ၊ မိုးမကျခ
င် အမိုးအကာအောက်သို့ ရောက်ရှိရေးများ
ကို ဆောင်ရွက်သွားမည်ဟု သိရသည်။ “ရခို
င်မှာ ရောက်နေတဲ့ မွတ်စလင်တွေကို လူသ
ားချင်း စာနာထောက်ထားမှုအဖြစ် အခြေခံ
ရပိုင်ခွင့် အခွင့်အရေးတွေ ဆောင်ရွက်ပေး
သွားမှာ ဖြစ်ပေမယ့် ရခိုင်တိုင်းရင်းသားေ
တွရဲ့ ခံစားမှုနဲ့ လိုလားချက်တွေကို လုံးဝလျစ်
လျူရှုမှာ မဟုတ်ကြောင်း အလေးအနက် ပြေ
ာကြားလိုပါတယ်” ဟု နိုင်ငံတော်သမ္မတက
ပြောကြားခဲ့သည်။ နိုင်ငံတကာ အဖွဲ့အစည်း
များ အနေဖြင့်လည်း လုပ်နည်းကိုင်နည်း မှာ
းယွင်းမှုများ ရှိခဲ့သဖြင့် ပြဿနာများ ပိုမိုရှုပ်ထေ
ွးသွားခဲ့ရသည်ဟု သမ္မတက ပြောကြားခဲ့ပြီး
၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်က ရခိုင်ပြည်န
ယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်
မှု ဗဟိုကော်မတီ ဖွဲ့စည်းပေးထားသကဲ့သို့ မ
တ်လ ၂၉ ရက်တွင် တရားဥပဒေစိုးမိုးရေး၊
လုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး၊ လူဝင်မှုကြီ
းကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး ဒေသတ
ွင်း ယာယီနေရာချထားရေး နှင့် ပြန်လည်ထူ
ထောင်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်
ရေးနှင့် ဘက်စုံမဟာဗျူဟာ ရေးဆွဲရေးဆိုင်
ရာ လုပ်ငန်းကော်မတီ ခုနစ်ခုကို ဖွဲ့စည်းထာ
းပြီး ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၉ ရက်
နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထ
ားပါသည်။
ခေတ်လူငယ်

Published with Blogger-droid v2.0.10

SHARE THIS
Previous Post
Next Post