“ကျွန်သမချေ”
“မင်းလည်း ရခိုင် ၊ ငါလည်း ရခိုင်”သီချင်းများဖြင့် တစ်ချိန်က နာမည်ကျော်
ရခိုင်အဆိုတော် ကိုခိုင်ဇော် ၁၃.၅.၂၀၁၃ ရက်နေ့
အဖရခိုင်ပြည်သို့ပြည်လည်ရောက်ရှိလာပြီ
ဖြစ်ပါသည်။ ကိုခိုင်ဇော်သည် ထိုင်း-မြန်မာနယ်စပ်တွင် ရခိုင်ပြည်နယ်အတွက်
လူ့အခွင့်အရေး၊ ဒေသဖွံ့ဖြိုးရေး၊ တန်းတူရေးတို့အတွက် လက်နက်ကိုင်ကာ
တော်လှန်ရေးအလုပ်ကို (၉)နှစ်ကြာ လုပ်ကိုင်ခဲ့ပြီ ယခုအခါ ရခိုင်ပြည်နယ်သို့
လူ့အခွင့်အရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရန်အတွက် (AHRDO) အဖွဲ့နှင့်အတူ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ပါသည်။
“ကျနော် အဖပြည်ကို (၉)နှစ်လောက် စွန့်ခွါခဲ့ရခဲ့ရပြီး ပြန်လည်
ခြေချခွင့်ရတဲ့အတွက် အရမ်းဝမ်းလည်း ၀မ်းသာပါတယ်။ ပျော်လည်း ပျော်ပါတယ်”ဟု
ပြောပါသည်။ ရခိုင်သီချင်းများနှင့် ပါတ်သတ်ပြီး “တေးစီရီတစ်ခွေ
လုပ်နေပါတယ်၊ လောလောဆယ်တော့ သီချင်း (၈)ပုဒ်လောက် သွင်းထားပြီးပါပြီ။
ခွေကိုတော့ ၀ါကျွတ်အမှီလောက် ထုတ်လုပ်ဖို့ မှန်းထားပါတယ်။ လောလောဆယ် ခွေရဲ့
ခေါင်းစီတော့ မပေးရသေးပါဘူး”ဟု ပြောပြသွားပါသည်။ လောလောဆယ် ဘာတွေ
ဆက်လုပ်ဖို့ရှိသလဲဟု မေးမြန်ကြည့်ရာ “ကျနော် ထိုင်းကို ခဏလောက်
ပြန်ရအုံပါမယ်၊ အဲဒီမှာ လုပ်စရာ နည်းနည်းကျန်ခဲ့ပါသးတယ်။ အဲဒီက ပြန်လာမှ
ကျနော် အဲဒီက အတွေ့အကြုံတွေရနဲ့ အဖပြည်အတွက် ဂီတနဲ့
အလုပ်အကျွေးပြုပါအုံမယ်” ဟု RSV ကို ပြောပြသွားပါသည်။ ကိုခိုင်ဇော်သည်
တော်လှန်ရေးနယ်ပယ်ထဲတွင် နေခဲ့စဉ်ကလည်း ရခိုင်အမျိုးသား
တော်လှန်ရေးသီချင်းများ၊ ရခိုင်နိုင်ငံတော်သီချင်းများကိုလည်း
သီဆိုခဲ့ပါသည်။ ကိုခိုင်ဇော်၏ ပရိတ်သတ်များမှလည်း ကိုခိုင်ဇော်
ရခိုင်ပြည်ကို ပြန်လည်ရောက်ရှိလာသည့်အတွက် အလွန်ဝမ်းသာလျှက်ရှိကြောင်းကို
စုံစမ်းသိရှိရပါသည်။
From RSV
SHARE THIS