Sunday, May 26, 2013
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစိုးရနည်းပာာအထက်တန်းကျောင်းများကို
ယခုနှစ်ပညာသင်နှစ်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ
သင်တန်းကို(၂၀၁၃)ခုနှစ် အခြေခံပညာအဋ္ဌမတန်းအောင်မြင်ပြီး အသက်(၁၇)နှစ်အောက်
ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျှောက်ထားနိုင်ကြောင်း သိပ္ပံ နှင့်နည်းပညာဝန်ကြီးဌာနတွင် ထုတ်ပြန်ကြေငြာထားသည်။
အဆိုပါ သင်တန်းကာလတွင် (၂)နှစ်ဖြစ်၍ထူးချွန်စွာအောင်မြင်သူ ကျောင်းသား ကျောင်းသူများမှာ GTI ပထမနှစ်သို့ တိုက်ရိုက်တက်ရောက်ခွင့်ရှိပြီး
ဖွင့်လှစ်မည့်သင်တန်းတွင် အဆောက်အအုံနည်းပညာသင်တန်း၊ အီလတ်ထရွန်နစ်
နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စသော
အင်ဂျင်နီယာဘာသာရပ်များအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊
ဓာတုဗေဒ၊ ဘောဂဗေဒ၊ အထူးပြုဘာသာရပ်နှင့် ပုံဆွဲဘာသာရပ်များကို
သင်ကြားပေးသွားမည်ဟု သိရသည်။
SkyNet TV Browser
SHARE THIS