Friday, May 03, 2013
အိန္ဒိယရေတပ်အရာရှိသုံး ဦးအား သက်ဆိုင်ရာက တာဝန်မှ ရပ်စဲလိုက် သည်။ ၎င်းတို့သည် Facebook စာမျက် နှာပေါ်၌ ၎င်း တို့၏သင်္ဘော ဘယ်နေရာမှာရှိ သည်၊ ဘယ်မှာ ဒေါက်တင်သည် ကို အသေးစိတ်ဖော်ပြခဲ့၍ ထုတ် ပယ်ခံ ရ သည်ဟု သက်ဆိုင်ရာမှ ကြာသပတေး နေ့က ပြောကြား လိုက်သည်။
အဆိုပါအရာရှိသုံးဦးမှာ သတင်းလုံခြုံမှုကို ချိုးဖောက်ခဲ့ကြ သည်ဟု ရေတပ်ကပြောကြားခဲ့ သည်။ အဆင့်မြင့် ဌာနတွင်း စုံစမ်း အတည် ပြုပြီးမှ အရေးယူခဲ့ခြင်း ဖြစ်ကြောင်း ရေတပ်ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် က ပြောသည်။ စုံစမ်းစစ်ဆေးရေးအဖွဲ့က အရာရှိသုံးဦးအား စည်း ကမ်း ဖောက်ဖျက်မှု အတွက် အရေးယူ ရန်တောင်းဆိုခဲ့သည်။ ၎င်းတို့၏ ထုတ်ပယ်ခံရမှုကို ဆက်လက် လုပ်ဆောင် လျက်ရှိ ပြီး ၎င်း တို့ ၏ အနာဂတ်ကို မသိရသေးပေ။
ဒေသခံသတင်းများက ဖော် ပြစဉ်မှာ အရာရှိများသည် ဌာန မှ အတိအကျတားမြစ်ထားသော် လည်း ၎င်းတို့၏ သင်္ဘောသွား လာမှု ကို အသေးစိတ်ဖော်ပြခဲ့ကြ သည်ဟုဆိုသည်။ သင်္ဘောရောက် လေရာဆိပ်ကမ်း များကို ဖော်ပြ ခဲ့ကြကြောင်း အင်္ဂလိပ်ဘာသာ ထုတ် ပိုင်အိုနီးယား သတင်းစာ က ဖော်ပြခဲ့ သည်။ ဤအရေးယူ မှုမှာ စည်းကမ်းထိန်းသိမ်းရေးအ တွက် ပထမဆုံးဖြစ်သည်။ ယခင် ကလည်း အသက်(၄၉)နှစ်ရှိလူ တစ်ဦးသည် ၎င်း၏မြေးဖြစ်သူ ကို Facebook မှတစ်ဆင့် စီး ပွားရေး သမား တစ်ဦးထံ ရောင်း စားခဲ့ သဖြင့် ဖမ်းဆီးခံခဲ့ရသည်။
yangonmedia group