မင်းပြားတွင် လျှပ်စစ်ဓါတ်အားချို့ တဲ့ ခေါင်းပါးနေဆဲ
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့ ကြီးတစ်မြို့ ဖြစ်သော မင်းပြားမြို့ တွင်
ယခုအချိန်ထိ လျှပ်စစ်ဓါတ်အား
ချို့ တဲ့ခေါင်းပါးနေဆဲဖြစ်ကြောင်း
သိရသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ တခြားမြို့ 
အများအပြားတွင် ယခုအခါ လျှပ်စစ်ဓါတ်အား နာရီအနည်းငယ်ရရှိနေပြီ ဖြစ်သော်လည်းမင်းပြားတွင် တနေ့ လျှင် လျှပ်စစ်ဓါတ်အား  ည ၇ နာရီမှ ည ၁၀ နာရီအထိသာ ရရှိနေသေးကြောင်း သိရသည်။
ထိုသို့ ၃ နာရီသာရရှိသည့်ကာလတွင်လည်း နေ့ စဉ်နေတိုင်းမဟုတ်ဘဲ အလှည့်ကျစနစ်
ဖြင့်သာ ရရှိခြင်း ၊ အလှည့်ကျစနစ်ဖြင့်
ရရှိသောကာလတွင်းမကြာခဏမီးပြတ်ခြင်း ၊ ရရှိသော အချိန်တွင်လည်း ဗို့ အားမပြည့်ခြင်းတို့ နှင့်ရင်ဆိုင်နေရကြောင်း ဈေးဟောင်းပိုင်းမှ မောင်အေးက လေးမြို့ သို့ ပြောသည်။
ထို့ အပြင် မီတာတစ်ယူနစ်လျှင်
၅၀၀ ကျပ် ပေးဆောင်နေရပြီး
ရေနောက်ကန် အနီးရှိ မီးစက်မှ
ဝန်ထမ်းများမှာ မောက်မာခြင်း၊
မီတာများကို မရိုးမသားနည်းဖြင့်
မီတာယူနစ်များတိုးမြင့်ခြင်းများကို
လုပ်ဆောင်နေကြကြောင်း အောက်ရွာပိုင်းရပ်ကွက်မှ ကိုမြအောင်၏ ပြောကြားချက်အရ သိရသည်။
လွန်ခဲ့သော (၂)နှစ်လောက်က
မင်းပြားမြို့ ၊ မြို့ မီးလင်းရေးအတွက်
ဦးကျောက်တောင်မှတာဝန်ယူဆောင်ရွှက်
ပေးမည်ဟုကမ်းလှမ်းခဲ့စဉ်ကလည်း
မင်းပြားမှ ခရိုနီတစ်စုက သူတို့ ပဲ
မီးလင်အောင်လုပ်ပေးမည်ဟုဆိုကာ လက်ဝါးကြီးအုပ် ပယ်ချခဲ့ဖူးပါသည်။
မင်းပြားမြို့ သည် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းတွင် စစ်တွေ ၊ မောင်တောတို့ ပြီးနောက် စီးပွါးရေးအကောင်းမွန်ဆုံးမြို့ တစ်မြို့ ဖြစ်ပြီး ရောင်းဝယ်ဖေါက်ကားမှုနှင့်
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရာ မြို့ တစ်မြို့ လည်း ဖြစ်သည်။
မာရုသူရ
Published with Blogger-droid v2.0.10
SHARE THIS
Previous Post
Next Post