Friday, 07 June 2013
မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အယော
က် ၉၀၀ ကျော် မလေးရှား
နိုင်ငံမှာ အဖမ်းဆီးခံခဲ့ရတာနဲ့ ပတ်သက်ပြီး မ
လေးရှားနိုင်ငံက အစိုးရ
မဟုတ်တဲ့ အင်ဂျီအိုအဖွဲ့တွေက အဖမ်းဆီးခံထာ
းရတဲ့ မြန်မာနိုင်ငံသား
တွေနဲ့ တွေ့ဆုံခွင့်ရဖို့ ကြိုးစားနေကြတယ်လို့
သိရပါတယ်။
မလေးရှားနိုင်ငံမှာ ဗုဒ္ဓဘာသာ မြန်မာတွေနဲ့
အစ္စလာမ်ဘာသာဝင်
မြန်မာတွေအကြားတိုက်ခိုက်မှုတွေကြောင့် လူ
သေဆုံးမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့် အခုလိုတိုက်ခိုက် အကြမ်းဖက်မှုတေ
ွဟာ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေနဲ့ အ
စ္စလာမ်ဘာသာဝင်တွေ အကြားမှာ ဖြစ်တယ်
ဆိုပေမယ့်လည်း မလေးရှားနိုင်ငံသားတွေ ပါဝ
င်ပတ်သက်နေတယ်လို့လည်း လူ့အခွင့်
အရေး လှုပ်ရှားတဲ့အဖွဲ့တွေက စွပ်စွဲထားကြပါ
တယ်။
မလေးရှားနိုင်ငံမှာ နိုင်ငံခြားသား လုပ်သားေ
တွ အထူးသဖြင့် တရားဝင် စာရွက်စာတမ်းမရှ
ိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မလေးရှား
က လူမှုအသိုင်းအဝိုင်းတချို့က အဆက်အဆံမြ
ပု ရှောင်ရှားကြသလို တချို့ကလည်း နှိမ့်ချဆက်
ဆံကြတယ်လို့ ဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ ဘာသာရေး အသွင်ဆန်ဆန် ပ
ဋိပက္ခတွေ ဖြစ်ခဲ့ပြီး
နောက်မှာ အစ္စလာမ် ဘာသာဝင် အများအပြား
ရှိတဲ့ နိုင်ငံတွေမှာ
မြန်မာ အလုပ်သမားတွေအပေါ် အကြမ်းဖက်
မှုတွေ တိုးလာတယ်
လို့ မြန်မာနိုင်ငံက နေ့စဉ်ထုတ် ပုဂ္ဂလိက သတ
င်းစာဖြစ်တဲ့ Daily
Eleven သတင်းစာ အယ်ဒီတာ့အာဘော်က မေ
န့က ဖေါ်ပြခဲ့
ပါတယ်။
မြန်မာနိုင်ငံသားတွေကို စောင့်ရှောက်ကာက
ွယ်ပေးဖို့ မြန်မာ
အစိုးရက မလေးရှားအစိုးရကို သံတမန်ရေးအ
ရ တောင်းဆိုခဲ့ပေ
မယ့် မလေးရှားအစိုးရကတော့ လူသတ်တရား
ခံတွေကို ရှာဖွေရမယ့်
အစား မြန်မာနိုင်ငံသားတွေကို ဖမ်းဆီးမှုတေ
ွလုပ်နေတယ်လို့ ကြားသိနေရတဲ့အကြောင်း
Daily Eleven သတင်းစာက စွပ်စွဲ
ထားပါတယ်။
မလေးရှားနိုင်ငံက အခုလိုလုပ်ရပ်တွေဟာ အာ
ဆီယံနိုင်ငံ ၂ နိုင်ငံ
အကြား ဆက်ဆံရေးကို ပျက်ပြားစေနိုင်တယ်
လို့လည်း ရေးထား
ပါတယ်။ အခွန်ပြဿနာတွေ ဒါမှမဟုတ် တခြားပြဿ
နာတွေကြောင့်
ပြည်ဝင်ခွင့်ဗီဇာပယ်ဖျက်ခံရတဲ့ မြန်မာရွှေ့ပြေ
ာင်းလုပ်သားတွေကို
နေရပ်ပြန်လာခွင့်ပြုဖို့ Daily Eleven သတင်းစ
ာအနေနဲ့ မြန်မာ
အစိုးရကို တိုက်တွန်းလိုက်တယ်လို့လည်း ရေး
သားထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေအေ
နနဲ့လည်း လုပ်သားတွေ နေရပ်ပြန်
လာနိုင်ဖို့ စရိတ်သက်သာတဲ့ လေကြောင်းလိုင်
းတွေ ဖွင့်လစ်ပေးဖို့လည်းတိုက်တွန်းကြောင်း
ဖေါ်ပြခဲ့ပါတယ်။
မြန်မာနိုင်ငံက လူမျိုးရေး၊ ဘာသာရေး အကြမ်
းဖက်တိုက်ခိုက်မှုတွေ မလေးရှားနိုင်ငံကိုပါ ကူး
စက်လာတာကို မလေးရှားအာဏာပိုင်တွေက
စိုးရိမ်နေကြတယ်လို့ နိုင်ငံတကာ သတင်းတေ
ွမှာ ဖေါ်ပြထားကြပါတယ်။ မလေးရှားရဲတွေနဲ့
လူဝင်မှုကြီးကြပ်ရေးဝန်ထမ်းတွေက မြန်မာနို
င်ငံသား ၁ ထောင်လောက်ကို စီစစ်ဖမ်းဆီး
ခဲ့တာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ဘာတေ
ွဘယ်လိုပဲဖြစ်ဖြစ် မလေးရှားနိုင်ငံထဲကို ပြဿနာ
တွေ သယ်မလာကြဖို့ မြန်မာနိုင်ငံသားတွေကို
ရှင်းရှင်းလင်းလင်း သတိပေးလိုက်တာပဲဖြစ်
တယ်လို့ ကွာလာလမ်ပူမြို့တော်ရဲ့ လက်ထော
က်ရဲချုပ် ကပြောတယ်ဆိုတဲ့ သတင်းတွေလည်း
ထွက်ပေါ်နေပါတယ်။
ABC Radio Australia
မလေးရှားမှာ ဖမ်းဆီးခံရတဲ့ မြန်မာ ၉၀၀ ကို အင်ဂျီအိုအဖွဲ့ကတွေ့နိုင်ဖို့ ကြိုးစား
Published with Blogger-droid v2.0.10