ဧရာဝတီတိုင်း ဒေသကြီးရှိ မြို့နယ် သုံးမြို့နယ်တွင် ဂျပန် နိုင်ငံ၏ ကူညီ ပံ့ပိုးမှုဖြင့် မျိုးသန့်စပါးများ ထုတ်လုပ် ဖြန့်ဖြူးမည်

မြဝတီ
ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် သုံးမြို့နယ်တွင် ဂျပန်နိုင်ငံမှ အပြည်ြပည်ဆိုင်ရာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (ဂျိုက်ကာ) ၏ အကူအညီဖြင့် မျိုးသန့် စပါးကို ကိုးမျိုးခန့် ထုတ်လုပ် ဖြန့်ဖြူး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
''ဂျိက်ကာရဲ့ ကူညီ ပံ့ပိုးမှုနဲ့ ဧရာဝတီ တိုင်း ဒေသကြီး ထဲက ဟင်္သာတ မြို့နယ်၊ မြောင်းမြမြို့နယ်နှင့် လပွတ္တာ မြို့နယ်တွေမှာ ဆောင်ရွက်နေတာ ဖြစ် ပါတယ်။ ဧရာမင်း၊ သီးထပ်ရင်း၊ ပေါ်ဆန်းမွှေး၊ရွှေဝါထွန်း၊ဆင်းသွယ်လတ်၊ မနောသုခ၊ကျော်ဇေယျစတဲ့ စပါးမျိုးတွေကို မျိုးသန့်ထုတ်လုပ် ဖြန့်ဖြူး ပေး သွားမှာ ဖြစ်ပါတယ်။ ဒီစပါးမျိုး တွေဟာ ဒေသသုံး သတ်မှတ်ထားတဲ့ စပါးမျိုးတွေ ဖြစ်ပြီး ဒီမျိုးသန့် ထုတ်လုပ်မှုက ဒီတိုင်း ဒေသကြီး အတွင်းမှာ အကောင်အထည် ဖော်နေတဲ့ ငါးနှစ် စီမံကိန်း အတွင်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက် တစ်ခုလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်း ငါးနှစ် ကာလက ၂ဝ၁၁ ခုနှစ်ကနေ ၂ဝ၁၆ ခုနှစ်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်'' ဟု ဂျပန် အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့(ဂျိုက်ကာ) မှ စိုက်ပျိုးရေး ပညာရှင် တစ်ဦးက ပြောကြား ခဲ့သည်။ စီမံကိန်း ငါးနှစ်တာ ကာလတွင် ဒေသသုံး မြန်မာ စပါးမျိုးများ ကိုသန့်စင် ထုတ်လုပ် ဖြန့်ဖြူးခြင်း၊ ယူရီးယား၊ တီစူပါနှင့် ပိုတက် ဓာတ်မြေသြဇာများ ထောက်ပံ့ခြင်း၊ စိုက်ပျိုးရေးနည်းပညာများ ဖြန့်ဝေ ပေးခြင်းနှင့်စိုက်ပျိုးရေးသုံး စက်ပစ္စည်း ကိရိယာများ ထောက်ပံ့ခြင်းတို့ ပါဝင်ကြောင်း သတင်း ရရှိသည်။

SHARE THIS