်
Saturday, June 1, 2013
ကချင်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စခန်းများ၌
ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတ
ွင်း နေရပ်ပြန်နိုင်ရေးကို ကြိုးပမ်းသွားမည်ဟုြ
ပည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လု
ပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက
မေ ၃၁ ရက်တွင် ပြောကြားသည်။
ဦးအောင်မင်းသည် မြစ်ကြီးနား ဆွေးနွေးပွဲအြ
ပီး မေ ၃၁ ရက်တွင် ၀ိုင်းမော်မြို့နယ်ရှိ ဒုက္ခသ
ည်စ ခန်းများသို့ သွားရောက်ပြီး ထိုကဲ့သို့ ပြော
ကားခဲ့ခြင်း ဖြစ်သည်။
''ဒုက္ခသည်တွေ မပြန်ခင်မှာ မိုင်းရှင်းတာတွေ
လုပ်ရဦးမယ်။ နေအိမ်တွေ ပြန်ဆောက်ရဦးမ
ယ်။ ယာလုပ်ငန်းတွေ ပြန်မလုပ်နိုင်သေးခင်မ
ှာ စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးရမယ်။ ဒါေ
တွအားလုံး လုပ်ဆောင်နိုင်ဖို့ ခင်ဗျားတို့ ကိုယ်
တိုင်ပါဝင်မှ လုပ်နိုင်မှာ ဖြစ်ပါတယ်'' ဟု ဦးေ
အာင်မင်းက မိုင်းနား (RC) ဒုက္ခသည်စခန်းသို့
ရောက်ရှိချိန်တွင် ပြောကြားသည်။
ဒုက္ခသည်များ နေရပ်ပြန်ချိန်တွင် ရပ်ရွာလုံခြုံေ
ရးအတွက် တပ်မတော်နှင့် KIO တို့က ပူးပေါင်း
ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း သိရသည်။
''လောလောဆယ်မှာတော့ နမ်ဆန်ယန်နဲ့က
န်တော်ယန်က ရောက်လာတဲ့လူတွေ နေရပ်ပြ
န်နိုင်ဖို့ ကျိန်းသေသလောက် ဖြစ်နေပါတယ်။
ဒီကအခြေအနေတွေကို တပ်မတော်ကာကွယ်
ရေး ဦးစီးချုပ်ကို ပြောတော့ သူက လိုအပ်တယ်
ဆိုရင် တပ်က ၀ိုင်းကူပေးမယ်လို့ ပြောပါတယ်
'' ဟု ဒုက္ခသည်စခန်းသို့ ဦးအောင်မင်းနှင့်အတူ
ရောက်ရှိလာသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ြ
ကည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုးက ပြော
ကားသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးအကြံေ
ပးပုဂ္ဂိုလ် ဗီဂျေနမ်ဘီးယားလည်း စစ်ပြေးဒုက
္ခသည်များနှင့် တွေ့ဆုံခဲ့သည်။
''အရင်တစ်ခါ လာတုန်းက ခင်ဗျားတို့ရဲ့ မျက်လုံ
းတွေထဲမှာ စိတ်ပျက်မှုတွေ တွေ့ခဲ့ရတယ်။ ဒီတ
စ်ကြိမ်မှာတော့ ၀မ်းမြောက်မှုတွေ တွေ့ခဲ့ရပါ
တယ်။ ဆွေးနွေးပွဲရလဒ်က မျော်လင့်ချက်တွေြ
ဖစ်ခဲ့ပါတယ်။ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေကို
လည်း ချမှတ်နိုင်ခဲ့ပါတယ်။ ခင်ဗျားတို့တွေ နေ
ရပ်ပြန်နိုင်အောင် ကျွန်တော်ရော အစိုးရကပါ
ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်'' ဟု ဗီဂျေနမ်ဘီး
ယားက ဒုက္ခသည်များကို ပြောကြားသည်။
မေ ၃၁ ရက်က အစိုးရငြိမ်းချမ်းရေး ကိုယ်စား
လှယ်များ ဒုက္ခသည်စခန်း သုံးခုသို့ သွားရောက်
ခဲ့သည့် နည်းတူ KIO ငြိမ်းချမ်းရေး ကိုယ်စားလ
ှယ်အဖွဲ့လည်း ၀ိုင်းမော်မြို့ပေါ်ရှိ ဒုက္ခသည်စခန်း
များသို့ သွားရောက်ခဲ့သည်။ သီးခြားအနေဖြင့်
သွားရောက်ခဲ့သော ငြိမ်းချမ်းရေး ကိုယ်စားလ
ှယ်အဖွဲ့ နှစ်ဖွဲ့သည် ဒုက္ခသည်များနှင့် တွေ့ဆုံရာ
၌ မြစ်ကြီးနား ဆွေးနွေးပွဲရလဒ်နှင့် ဆက်လက်
လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်း
ပြောကြားသည်။
Eleven
ကချင်စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေး ကြိုးပမ်း သွားမည်
Published with Blogger-droid v2.0.10